Africa & Middle East
ကာဂျစ္စတန်နိုင်ငံရှိ တရုတ်သံရုံးအနီး အသေခံကားဗုံးပေါက်ကွဲ၊ သုံးဦးဒဏ်ရာရရှိ
ကာဂျစ္စတန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ မြို့တော် Bishkek ရှိ တရုတ်သံရုံးအရှေ့တွင် သြဂုတ် ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း အာဏာပိုင်များ နှင့် မျက်မြင်တွေ့ခဲ့သူများက ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးက အဆိုပါ တိုက်ခိုက်မှုသည် အသေခံကားဗုံးတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း၊ ကားမောင်းသမားသည် သံရုံးခြံဝန်း၏ဂိတ်ပေါက်ကို ချိုးဖျက်ရန် ရည်ရွယ်ချက် ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့မည်သူဖြစ်ကြောင်း နှင့် မည်သည့် နိုင်ငံသားများ ဖြစ်ကြောင်းကိုမူ မသိရှိသေးကြောင်း ၎င်းကပြောကြားခဲ့ပြီး အခြား အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)