Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် အိုင်အက်စ် ပြောရေးဆိုခွင့်ရှိသူ သေဆုံး

အိုင်အက်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘူ မူဟမ်မတ် အယ်လ်- အတ်နာနီအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒမတ်စကက်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အိုင်အက်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘူ မူဟမ်မတ် အယ်လ်- အတ်နာနီ (Abu Muhammad al-Adnani) သည် သြဂုတ်လ ၃၀ ရက်က ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မြောက်ပိုင်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အလက်ပိုမြို့၌ အစိုးရတပ်အား ဆန့်ကျင်တွန်းလှန်မှုများ လုပ်ဆောင်ရင်း အယ်လ်- အတ်နာဒီ သေဆုံးခဲ့ ကြောင်း အိုင်အက်စ် သတင်း အေဂျင်စီ Amaq ကပြောကြားခဲ့သည်။
သို့သော်လည်း မည်သည့်နေရာတွင် သေဆုံးကြောင်းကိုမူ အိုင်အက်စ် ထုတ်ပြန်ချက်၌ တိကျစွာ မဖော်ပြထား ပေ။
၎င်းသည် အိုင်အက်စ်ခေါင်းဆောင် အဘူ ဘာကာ အယ်လ်- ဘက်ဂ်ဒါဒီ၏ အဓိက တပ်မှူး တစ်ဦးလည်း ဖြစ် ကြောင်း သိရသည်။
အယ်လ်-အတ်နာနီအား Idlib ပြည်နယ် အနောက်မြောက်ဘက်ရှိ ကျေးလက်ဒေသ၌ မွေးဖွားခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် အီရတ်နိုင်ငံ၌ အယ်လ်ကိုင်းဒါးအဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.