Connect with us

Africa & Middle East

အီဂျစ်တွင် ကားမတော်တဆဖြစ်ပွားမှုကြောင့် ၁၂ဦးသေဆုံး

အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အထက်ပိုင်း ရှိ သဲကန္တာရ အတွင်းဖောက်လုပ်ထားသည့် အဝေးပြေးလမ်း တစ်ခု၌ သြဂုတ် ၂၈ ရက်က ခရီးသည်တင် ယာဉ်ငယ်တစ်စီး နှင့် အခြား ယာဉ်တစ်စီး ပြင်းထန်စွာ တိုက်မိ၍ လူ ၁၂ဦးထက်မနည်း သေဆုံးကာ အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ကိုင်ရို-အက်စ်စွမ်း သဲကန္တာရ အဝေးပြေးလမ်း ပေါ်ရှိ ဆိုဟက် အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်ပေါက်အနီး၌ ကားနှစ်စီး အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာသို့ အရေးပေါ်လူနာတင်ကား ကိုးစီး အလျင်အမြန်ရောက်ရှိလာပြီး သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆိုဟက် ပြည်နယ် အုပ်ချုပ်ရေးမှူး Ayman Abdel-Moneim က လမ်းပိုင်း တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင် များကို ခေါ်ယူ၍ ဆိုဟက် လေဆိပ် လမ်း အား စစ်ဆေးရန် ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး လေဆိပ်လမ်း၌ လိုအပ်သည့် လမ်းညွှန်ဆိုင်းဘုတ်များတပ်ဆင်ခြင်း၊ လမ်းလယ်ကျွန်းတုံးများ ထားရှိရန်အတွက် လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ၏ အဝေးပြေးလမ်းများ၌ မော်တော်ယာဉ်စောင့်ကြည့်ရေးစနစ်များ မရှိခြင်း၊ လမ်းထိန်းသိမ်းမှုအားနည်းခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာမှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
မြို့တော် ကိုင်ရိုမြို့ မြောက်ဘက် Daqahilya ပြည်နယ် ရှိ လမ်းတစ်ခုတွင် သြဂုတ် ၁၅ ရက်က တာယာပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၍ ယာဉ်သုံးစီး တိုက်မိခဲ့ပြီး အနည်းဆုံး ၂၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး (WHO) ၏ အချက်အလက်များအရ အီဂျစ်နိုင်ငံတွင် ယာဉ်တိုက်မှုများကြောင့် နှစ်စဉ် လူပေါင်း ၁၂,၀၀၀ ခန့်အသက်ဆုံးရှုံးနေရပြီး ယင်းအရေအတွက်သည် လူဦးရေ ၁၀၀,၀၀၀ လျှင် ၄၂ဦး နှုန်းဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.