Connect with us

Africa & Middle East

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် သင်္ဘော တိမ်းမှောက်မှု ဖြစ်ပွားရာ ၂၇ ဦး သေဆုံး ၊ ၅၄ ဦး ပျောက်ဆုံး

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် သင်္ဘော တိမ်းမှောက်မှု ဖြစ်ပွားရာ Kwilu ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဘရာဇဗီလာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇူလိုင်လ ၁၃ ရက်နေ့ည ပိုင်း အချိန်၌ ကွန်ဂို နိုင်ငံ Kwilu ပြည်နယ် Kasai မြစ် ရေပြင်တွင် သင်္ဘော တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး ၂၇ ဦး သေဆုံးကာ ၅၄ ဦး ပျောက်ဆုံး နေကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ က အတည်ပြု ပြောကြား ခဲ့သည်။

Kwilu ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့ရာတွင် ဇူလိုင် ၁၃ ရက်နေ့၌ Kwilu ပြည်နယ် မှ ပြန်လည် ထွက်ခွာ သွားသည့် သင်္ဘော တစ်စင်း သည် လမ်းခရီး တွင် တိမ်းမှောက် သွားခဲ့ပြီး အသေးစိတ် စစ်ဆေးမှုများ အရ သေဆုံးသူ ၂၇ ရှိပြီး ပျောက်ဆုံး နေသူ ၅၄ ဦး ရှိသည် ကို အတည်ပြု နိုင်ခဲ့ကြောင်း ၊ သေဆုံးသူ အများစု မှာ ကျောင်းသားများ ဖြစ်ကြကာ ပျောက်ဆုံးနေသူ များကို ဆက်လက် ရှာဖွေမှု များ ပြုလုပ်နေကြောင်း ၊ အခင်းဖြစ်ပွား ရသည့် အဓိက အကြောင်းအရင်း မှာ ဝန်ပို တင်ဆောင်ခြင်း နှင့် သင်္ဘော မောင်းနှင်သူ မှ အရက်သောက်ပြီးနောက် မောင်းနှင်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သည် မြစ်ချောင်းအင်းအိုင်များ ပေါများရာ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဒေသတွင်း ပြည်သူများ က ခရီးသွားလာခြင်း ကို အဓိက အားဖြင့် သင်္ဘော ဖြင့် သွားလာခြင်း ပြုလုပ်ခဲ့ကြသည်။ သင်္ဘောအိုဟောင်းခြင်း နှင့် ဝန်ပို တင်ဆောင်ခြင်း တို့ကြောင့် ရေယာဉ် မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.