Connect with us

Africa & Middle East

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လစ်ဗျားစစ်အင်ဂျင်နီယာ ၄၃ ဦး သေဆုံး

လစ်ဗျားနိုင်ငံ စစ်တပ်မှ ရဲဘော်များအား ထရိုင်ပိုလီမြို့ တောင်ဘက် ၈ဝ ကီလိုမီတာအကွာရှိ Gharyan စစ်သင်တန်းကျောင်းတွင် စစ်ရေးပြနေသည်ကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင်တွေ့ ရစဉ်(ဆင်ဟွာ)

ထရိုင်ပိုလီ ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့(Benghazi)တွင် အကြမ်းဖက်အုပ်စုများ ထောင်ထားသော မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် လစ်ဗျားစစ်အင်ဂျင်နီယာ ၄၃ ဦးသေဆုံးပြီး အခြား ၂၇ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း လစ်ဗျားစစ်တပ်က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဆယ်ရက်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား သေဆုံးမှုမှာ ၁၉ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း လစ်ဗျားစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Al Awamy ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ LANA သတင်းဌာနက ဖော်ပြခဲ့သည်။

သေဆုံးသွားသော အရပ်သားများတွင် အများစုမှာ Darnah လမ်းထဲမှ ဈေးဆိုင်ပိုင်ရှင်များ နှင့် ကုန်သည်များဖြစ်ကြောင်း ၎င်းက ဆိုသည်။ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က Al Hoot ဈေးတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် လစ်ဗျားစစ်တပ်မှ မိုင်းကင်းရှင်းကြောင်း ကြေညာချက် မထုတ်ပြန်ခင်အချိန်အထိ ၎င်းတို့၏ နေအိမ်များသို့ပြန်လာကြခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.