Connect with us

Africa & Middle East

Al Aqsa ဗလီကို ဇူလိုင် ၁၆ ရက်တွင် ပြန်ဖွင့်မည်ဟု အစ္စရေးပြော

အစ္စရေးနိုင်ငံ ရှိ Al Aqsa ဗလီ ရှေ့ ၌ ဆန္ဒပြနေကြသူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံအစိုးရက Al Aqsa ဗလီကို ယနေ့( ဇူလိုင် ၁၆ ရက်)တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု Al Arabiya သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဗလီအနီး၌ အစ္စရေးရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် Al Aqsa ဗလီအတွင်း ဝတ်ပြုခြင်းကို အစ္စရေးရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗလီ၌ဝတ်ပြုခြင်း တားမြစ်မိန့်ကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည့် Al Quds Sheikh Mohammed Hussein ဆိုသူအား အစ္စရေးရဲတပ်ဖွဲ က ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ယင်းနေ့မှာပင် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ဘုရားကျောင်းဝင်းသည် ဂျူးဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သလို အစ္စလာမ်ဘာသာဝင်များအတွက်လည်း တတိယမြောက် အထွဋ်အမြတ်အထားဆုံး နေရာတစ်ခုဖြစ်သည်။ ထို့ပြင် Al Aqsa ဘုရားကျောင်းဝင်းသည် ကမ္ဘာပေါ်တွင် နိုင်ငံရေးအရ ထိလွယ်ရှလွယ် အဖြစ်ဆုံး ဘာသာရေးဝတ်ပြုသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117