Africa & Middle East
ဂါဇာ ဒေသ နယ်စပ် တွင် ဖြစ်ပွား သည့် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၄ ဦး ထပ်မံ သေဆုံး

ဂါဇာ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း များ နှင့် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့က ဇွန်လ ၈ ရက်နေ့ ၌ ဂါဇာ ဒေသ တွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် ပါလက်စတိုင်း အနည်းဆုံး ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၈ ရက်နေ့ ၌ လူပေါင်း ထောင်နှင့်ချီသော ပါလက်စတိုင်း နိုင်ငံသား တို့သည် ဂါဇာ ဒေသ အနီးတွင် စုဝေး ခဲ့ကြပြီး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူ အချို့ က ကားတာယာ များ မီးရှို့ခြင်း ၊ ခဲ နှင့် လောင်စာ ပုလင်း များအား အစ္စရေး အစိုးရ တပ်ဖွဲ့ အား ပစ်ပေါက်ခြင်း တို့ကို ဆောင်ရွက် ခဲ့ပြီး အစ္စရေး စစ်တပ် က ဆန္ဒပြ သည့် လူအုပ် အား မျက်ရည်ယိုဗုံး နှင့် သေနတ် တို့ဖြင့် ပစ်ခတ်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ယခု တိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း လူမျိုး ၄ ဦး က အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူ များအနက် တစ်ဦး မှာ အသက် ၁၅ နှစ် သာရှိသေးသည့် လူငယ် တစ်ဦး ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၈ ဦး မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း ပြောကြား ခဲ့သည်။
ယခု နှစ် မတ်လ ၃၀ ရက်နေ့ မှ စတင်၍ ပါလက်စတိုင်း တို့သည် ဂါဇာဒေသ နယ်စပ် တွင် အကြီးစား ဆန္ဒပြမှု များ စတင်ပြုလုပ် ခဲ့ပြီး ဆန္ဒပြသူ နှင့် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့က မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြသည်။ စာရင်းပြုစုချက် အချို့အရ ဂါဇာ ဒေသတွင် ဖြစ်ပွား သည့် ဆန္ဒပြမှု ကြောင့် ပါလက်စတိုင်း ၁၂၇ ဦး သေဆုံးခဲ့ပြီး ၁၄,၇၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)