Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ တွင် ပျောက်ဆုံး နေသည့် လေယာဉ် အား ပျက်ကျခဲ့ကြောင်း အတည်ပြု

ကင်ညာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် လေယာဉ် ပျက်ကျမှု ကြောင့် သေဆုံးခဲ့သူ ၏ ရုပ်အလောင်း အား သယ်ယူနေစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ ” Fly SAX ” လေကြောင်း ကုမ္ပဏီ ပိုင် လေယာဉ် တစ်စင်း သည် ဇွန်လ ၅ ရက်နေ့ ၌ မြေပြင် နှင့် ဆက်သွယ်မှု ပြတ်တောက် သွား ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် မှာ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် လေယာဉ် ပေါ်လိုက်ပါခဲ့သည့် လူ ၁၀ ဦး အားလုံး သေဆုံး ခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇွန်လ ၇ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ကင်ညာ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် ပျောက်ဆုံး နေသည့် လေယာဉ် အပိုင်းအစ များကို ဇွန်လ ၇ ရက်နေ့ တွင် Aberdare အမျိုးသား ဥယျာဉ် ဒေသ တွင် ရဟတ်ယာဉ် မှ ရှာဖွေ တွေ့ရှိခဲ့ပြီး မြေပြင်ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ က လေယာဉ်ပျက်ကျ ခဲ့သည့် နေရာ သို့ရောက်ရှိချိန်တွင် အသက်ရှင်ကျန်ရစ် သူ မရှိကြောင်း ကို အတည်ပြု နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် လေယာဉ် ပျက်ကျခဲ့သည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရှိရသည်။

ကင်ညာ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ပျက်ကျ ခဲ့သည့် လေယာဉ် ၏ Black Box ကို ရှာဖွေတွေရှိပြီးဖြစ်ကာ သေဆုံးသူ ရုပ်အလောင်းများကို မြို့တော် နိုင်ရိုဘီ သို့ ပိုဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။” Fly SAX ” လေကြောင်း ကုမ္ပဏီ ပိုင် လေယာဉ် တစ်စင်း သည် ဇွန်လ ၅ ရက်နေ့ ၌ မြေပြင် နှင့် ဆက်သွယ်မှု ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၈ ဦး နှင့် လေယာဉ် ဝန်ထမ်း ၂ ဦး တို့ လိုက်ပါသွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)