Connect with us

Africa & Middle East

ဘိုးအင်း ကုမ္ပဏီ မှ လေယာဉ်ဝယ်ယူမှု ဆိုင်ရာ သဘောတူညီမှု စာချုပ် အား ဖျက်သိမ်း ခြင်း အပေါ် အီရန် နိုင်ငံ က နိုင်ငံတကာ တရားစီရင်မှု ပြုလုပ်ပေးရန် တောင်းဆိုမည်

အမေရိကန် နိုင်ငံ ဘိုးအင်း လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ မှ ထုတ်လုပ် သည့် လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အနေဖြင့် အမေရိကန် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် ဘိုးအင်း ကုမ္ပဏီ မှ အီရန် နိုင်ငံ နှင့် ချုပ်ဆိုထားသည့် လေယာဉ်ဝယ်ယူမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် အား ဖျက်သိမ်းခြင်း အပေါ် နိုင်ငံတကာ တရားစီရင်မှု ပြုလုပ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သတင်း ဖော်ပြချက် အရ သိရှိရသည်။

အီရန် နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် တာဂီ ကာပယ်လီ က ဘိုးအင်း ကုမ္ပဏီ ၏ သဘောတူညီချက် စာချုပ် အား တစ်ဖက်သတ် ပယ်ဖျက် ခဲ့ခြင်း အား အီရန် နိုင်ငံ မှ နိုင်ငံတကာ တရားစီရင်မှု ပြုလုပ်ပေးရန် လေးနက်စွာ တောင်းဆို သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘိုးအင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ က ဇွန်လ ၆ ရက်နေ့ ၌ ကုမ္ပဏီ အနေဖြင့် အီရန် နိုင်ငံ အား မည်သည့် လေယာဉ် မှ ဆက်လက် ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် အီရန် လေကြောင်း ကုမ္ပဏီ နှင့် ဘိုးအင်း ကုမ္ပဏီ တို့က တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံ ရှိသည့် ခရီးသည်တင် လေယာဉ် ၈၀ စင်း ဝယ်ယူသည့် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလ တွင် အီရန် Aseman Airlines နှင့် ဘိုးအင်း ကုမ္ပဏီ တို့ က တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိသည့် ခရီးသည်တင် လေယာဉ် ၃၀ စင်း ဝယ်ယူသည့် သဘောတူညီချက် စာချုပ်ချုပ်ဆို ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.