Connect with us

Africa & Middle East

ဆလိုဗက်ကီးယားတွင် နှစ်ပေါင်း ၄၀၀၀ အကြာက ရှေးဟောင်း ဓားမြှောင် တစ်လက် တွေ့ရှိ

နှစ်ပေါင်း လေးထောင်အကြာက ရှေးဟောင်း ဓားမြှောင် တစ်လက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရတ်တစ်လာဗာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဆလိုဗက်ကီးယားနိုင်ငံ အနောက်တောင်ဘက် Hlohovec မြို့တွင် နှစ်ပေါင်း ၄၀၀၀ နီးပါး သက်တမ်းရှိသော ကြေးခေတ်က ရှေးဓားမြှောင် တစ်လက်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မကြားသေးမီက ဒေသခံ မီဒီယာများ၌ ဖော်ပြထားသည်။

Trnava ဒေသရှိ မြို့တစ်လျှောက် စီးဆင်းနေသည့် Vah မြစ်အနီးတွင် ဒေးဗစ်အမည်ရသော လက်ရှိ ဘွဲ့ရ တစ်ဦးက ပါတီ ကျင်းပနေစဉ် အဆိုပါ ရှေးဟောင်းပစ္စည်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာ၌ ရေးသားထားသည်။

“အဲဒီ ကြေးဓားသွားက အဆင့်အတန်း တစ်ခုကို ပြသတဲ့ အင်အား သင်္ကေတ ဒါမှမဟုတ် လိုအပ်ချက် ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသနပညာရှင် Matus Sladok က ပြောကြားခဲ့သည်။

အဆိုပါက ရှေးဟောင်း ဓားမြှောင်မှာ ပုံစံ မပျက် ကျန်ရှိနေသေးပြီး အရွယ်အစားအားဖြင့် အရှည် ၂၄.၅ စင်တီမီတာနှင့် အလေးချိန် ၃၂၀ ဂရမ်ရှိသည်။ ဓားမြှောင်၏ အပေါ်ပိုင်းတွင် အကိုင်းအခက်များဖြင့် ထွင်းထုထားပြီး ဓားမြှောင် အောက်ပိုင်းတွင်မူ အပေါက် သုံးပေါက် ပါရှိပြီး တုတ်ချောင်းနှင့် ဓားသွား တွဲချည်ထားကြောင်း သိရသည်။

ဓားမြှောင်များသည် ဥရောပ ကြေးခေတ် အလယ်ပိုင်းတွင် စတင်ခဲ့သည့် Unetice ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိပြီး အကြမ်းဖျဉ်း နှစ်ပေါင်း ၄၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း၊ ယနေ့တွင် ထို ယဉ်ကျေးမှု ထွန်းကားခဲ့ရာ နေရာအား ဆလိုဗက်ကီးယားနှင့် ချက်နိုင်ငံများ၌ အဓိက လူသိများကြောင်း သိရသည်။

ယင်း ဓားမြှောင် တွေ့ရှိခဲ့သည့် မြစ်ကမ်းပါးအနီးမှာ ၎င်း၏ မူလ တည်ရှိခဲ့သည့် နေရာမဖြစ်နိုင်ကြောင်း Sladok က ဆိုသည်။

“ဒါက အချိန်ကာလ ရွေ့လျားလာလို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့် အခြား ဓားမြှောင် လေးလက်အား ယခုထက်တိုင် ဆလိုဗက်ကီးယားတွင် လူသိများကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.