Connect with us

Africa & Middle East

၁၀၇နှစ်အရွယ် အီသီယိုးပီးယား အမျိုးသား နှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတို့ လက်ထပ်

အီသီယိုးပီးယားနိုင်ငံရှိ မိသားစု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဒစ် အဘာဘား၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်ဖြစ်သူ အသက် ၁၀၇နှစ် ရှိပြီဟု ခံယူထားသော အီသီယိုးပီးယား အဖိုးအိုတစ်ဦး နှင့် အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်ထပ်ခဲ့ကြောင်း သိရသည်။

Hajji Abdulkadir Dekema အမည်ရှိ သတို့သားအဖိုးအိုသည် သတို့သမီးဖြစ်သူ Furo Guyo နှင့် လွန်ခဲ့သည့် အားလပ်ရက်တွင် မြို့တော် အဒစ် အဘာဘားမြို့ တောင်ဘက် ၂၅၀ကီလိုမီတာ အကွာ အီသီယိုးပီးယားအလယ်ပိုင်း Shasemene နယ်မြေတွင် မင်္ဂလာဆောင်ပွဲကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် Fana ရေဒီယို က သြဂုတ် ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

Dekema က ၎င်းသည် သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်တစ်ဦးဖြစ်ပြီး အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း ၎င်း၏ နောက်ဆုံးဇနီးနှင့် ကလေးထပ်ယူရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းတွင် လက်ရှိ ဇနီး၂ယောက်ရှိကြောင်းသိရသည်။

အီသီယိုးပီးယားနိုင်ငံ အစိုးရ သည် တစ်လင်တစ်မယားစနစ်ကို အားပေးရန် လှုပ်ရှားမှုများပြုလုပ်ခဲ့သော်လည်း မူဆလင် အများစုရှိရာ အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်း နှင့် အရှေ့ပိုင်း ကျေးလက်ဒေသများတွင် ဇနီးတစ်ဦးထက် ပိုယူခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.