Connect with us

Africa & Middle East

လက်ဘနွန်တွင် အဓမ္မပြုကျင့်သူကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေး မအောင်မြင်

ယီမင်နိုင်ငံ ဆာနာမြို့ လယ်၌ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်က အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် Hussein al-Sakit အား လူမြင်ကွင်း၌ ကြိုးပေးသတ်နေစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ၌ အငြင်းပွားဖွယ်ဥပဒေတစ်ခုဖြစ်နေသော မုဒိန်းမှုကျူးလွန်သူကို အပြစ်ပေး အရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေးကို သြဂုတ်လ ၁၆ ရက်တွင် လက်ဘနွန်လွှတ်တော်က ငြင်းပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာက သတင်းဖော်ပြခဲ့သည်။

“ အဓမ္မကျူးလွန်တာ ၊ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်ပြုမူတာ နဲ့ မုဒိန်းမှုကျူးလွန်တာတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးစရာ အကြောင်းမရှိပါဘူး ” ဟု လူ့အခွင့်အရေးအုပ်စု ကပြောကြားခဲ့ပြီး အဆိုပါ ဥပဒေပုဒ်မပြင်ဆင်ရေးအတွက် လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

၎င်းဥပဒေအရ မုဒိန်းကောင်များမှာ ၎င်းတို့လိင်ပိုင်ဆိုင်ရာပြုကျင့်လိုက်သူအား လက်ထပ် ပေါင်းသင်းယူခြင်းဖြင့် ပြစ်ဒဏ်မကျခံရအောင် ရှောင်ရှားခွင့်ပြုထားသည်။

မုဒိန်းမှုကျူးလွန်ပြီး လက်ထပ်ပေါင်းသင်းခြင်းနည်းလမ်းဖြင့် ပြစ်ဒဏ် မကျသော မုဒိန်းမှု အရေအတွက် မည်မျှ ရှိသည်ကို မသိရှိနိုင်သော်လည်း ၎င်းအမှုအခင်းများကို ကျေးလက်ဒေသများ၌ အဓိက လုပ်ဆောင်နေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

လက်ဘနွန်ရှေ့နေ တစ်ဦးဖြစ်သူ Danielle al-Hweik က တက်ကြွလှုပ်ရှားသူများ၏ ဖိအားကို အာဏာပိုင်များက ဖယ်ရှားနိုင်ခဲ့သော်လည်း နောက်ထပ် တောင်းဆိုတိုက်ပွဲဝင်မှုများမှာ ဆက်လက် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်အောက် အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအား ပြစ်ဒဏ်ခံရခြင်းမှ ရှောင်ရှားနိုင်စေရန် လက်ထပ်ပေါင်းသင်းယူခြင်းနည်းဖြင့် ဖြေရှင်းခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေးကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက လိုလားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.