Africa & Middle East
ဆီရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် IS အကြမ်းဖက် ထံမှ အရေးပါသည့် သဘောဝ ဓာတ်ငွေ့ထွက်ရှိရာ နေရာ တစ်ခု အား ပြန်လည် သိမ်းပိုက် နိုင်ခဲ့
ဒမာသက်မြို့ ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က IS အကြမ်းဖက် အဖွဲ့အစည်း ထံမှ ဆီးရီးယား နိုင်ငံ အလယ်ပိုင်းရှိ သဘာဝ ဓာတ်ငွေ့မြေ တစ်ခု ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း ဖော်ပြချက်များတွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံ အလယ်ပိုင်း Homs ပြည်နယ် အရှေ့ပိုင်း ရှိ Hayan သဘာဝ ဓာတ်ငွေ့ထွက်ရှိရာဒေသ ရှိ အရေးပါသည့် နေရာ တစ်ခု ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး IS အကြမ်းဖက် အဖွဲ့ဝင် အမြောက်အမြားကိုလည်း ချေမှုန်း နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် IS တို့ထိန်းချုပ်ထားသည့် Palmyra မြို့ဟောင်းသို့ ဆက်လက် ချီတက် တိုက်ခိုက် နေကြောင်း သိရှိရသည်။
Hayan သဘာဝ ဓာတ်ငွေ့ကွင်း သည် ယခင် တစ်ချိန်က IS အကြမ်းဖက် အဖွဲ့ လက်အောက် သို့ကျရောက် ခဲ့ပြီး IS အကြမ်းဖက် အဖွဲ့ တို့မှ ဓာတ်ငွေ့ကွင်းကို အကြီးစား ဖျက်ဆီးမှု များကို ပြုလုပ်ခဲ့သည်။ လက်ရှိချိန် တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ ဗုံးရှင်းလင်းရေး တပ်ဖွဲ့တို့သည် ဓာတ်ငွေ့ကွင်း သို့သွားရောက် ကာ IS တပ်ဖွဲ့တို့မှ ချန်လျက် ခဲ့သည့် ဗုံးများကို ဖယ်ရှားရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။
Hayan သဘာဝ ဓာတ်ငွေ့ကွင်း သည် နေ့စဉ် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၃ သန်း ကို ထုတ်လုပ် နိုင်ပြီး ဆီးရီးယား နိုင်ငံ ၏ အရေးပါသည့် သဘာဝ ဓာတ်ငွေ့ထွက်ရှိရာ ဒေသ တစ်ခု ဖြစ်သည်။ IS အကြမ်းဖက် တပ်ဖွဲ့သည် ယမန်နှစ် ဒီဇင်ဘာ လပိုင်း တွင် ထို သဘာဝ ဓာတ်ငွေ့မြေ နှင့် Palmyra မြို့ဟောင်း တို့ကို တိုက်ခိုက် သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်။(Xinhua)