Connect with us

Africa & Middle East

အာဖဂန် နစ္စတန် သမ္မတ က တာလီဘန် အဖွဲ့အစည်း ကို ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် ပါဝင်ရန် တိုက်တွန်း

အာဖဂန် နစ္စတန် သမ္မတ Ashraf Ghani အား ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူး တစ်ခုတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ တွင် ဖေဖော်ဝါရီ ၁၄ ရက်က ဆိုဗီယက် ပြည်ထောင်စု တပ်ဖွဲ့ ဆုတ်ခွာခြင်း ၂၈ နှစ်ပြည့် အခမ်းအနား ကျင်းပ ရာတွင် အာဖဂန် နစ္စတန် သမ္မတ Ashraf Ghani က ပြည်တွင်းရှိ တာလီဘန် အဖွဲ့အစည်း ကို တိုက်ခိုက်မှုများ ရပ်တန့်ကာ အမျိုးသား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမြန်ဆုံး ပါဝင်သွားရန် မိန့်ခွန်းပြောကြားရာတွင် တိုက်တွန်း ပြောကြားခဲ့သည်။

Ghani က အာဖဂန် နိုင်ငံသား များအနေဖြင့် အမိမြေ တွင် အခြေချနေထိုင်ရန် အချိန်ရောက်နေပြီဖြစ်ကြောင်း ၊ အနယ်နယ်အရပ်ရပ် သို့ရောက်ရှိနေကြသည့် တာလီဘန် အဖွဲ့ခေါင်းဆောင်များအနေဖြင့်လည်း စစ်ရေး တိုက်ခိုက်မှု များကို ရပ်တန့်ကာ ဂုဏ်သိက္ခာ ရှိစွာဖြင့် အမိမြေတွင် နေထိုင် သွားကြရန် ပြောကြားခဲ့သည်။

အာဖဂန် အစိုးရ နှင့် အစိုးရ အတိုက်အခံ အစ္စလာမ် ပါတီ တို့မှ ၂၀၁၆ ခုနှစ် တွင် ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး စာချုပ်သည် အစိုးရ ကို ဆန့်ကျင်သည့် အဖွဲ့အစည်း များအားလုံး မှ အာဖဂန် ငြိမ်းချမ်းရေး ဖြစ်စဉ် သို့ပါဝင် နိုင်စေရန် စံနမူနာ ဖြစ်စေခဲ့ကြောင်း ကိုလည်း Ghani ကပြောကြား ခဲ့သည်။

ထို့ပြင် Ghani က တစ်ချိန်က ဆိုဗီယက် ပြည်ထောင်စု မှ အာဖဂန် ကို ကျူးကျော် ဝင်ရောက် ခဲ့ချိန်တွင် အာဖဂန် နိုင်ငံ ရှိ အစ္စလာမ် အဖွဲ့အစည်း တို့သည် နိုင်ငံတော် အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန် အတွက် စည်းလုံးညီညွတ်ခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် အာဖဂန် လူမျိုးတို့၏ အရေးကြီးဆုံး ကိစ္စရပ် သည် နိုင်ငံတော် ပြန်လည် တိုးတက်ဖွံ့ဖြိုးအောင် တည်ထောင်ရမည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန် မီဒီယာ များ၏ ဖော်ပြချက်အရ လက်ရှိ အာဖဂန် ၏ လုံခြုံရေး အခြေအနေသည် ကျေနပ်ဖွယ် မရှိဘဲ သမ္မတ Ghani ၏ ပြောဆိုမှုများသည် တာလီဘန် မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို ငြင်းဆန်ခဲ့ သောကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

၁၉၇၉ ခုနှစ် ဒီဇင်ဘာ လ တွင် ဆိုဗီယက် ပြည်ထောင်စု သည် အာဖဂန် နစ္စတန် နိုင်ငံ ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အာဖဂန် လူမျိုးတို့၏ ခုခံ တိုက်ခိုက်မှု ကြောင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ လတွင် ဆိုဗီယက် ပြည်ထောင်စု တပ်ဖွဲ့တို့ကို အလုံးစုံ ဆုတ်ခွာသွားအောင် ခုခံကာကွယ် နိုင်ခဲ့သည်။ အချိန် ကာလ ၁၀ နှစ်ကြာမြင့်သည် တိုက်ပွဲတွင် နှစ်ဘက်သော တပ်ဖွဲ့တို့မှ ကြီးမားသည့် ဆုံးရှုံးမှု တို့ကို ပေးဆပ် ခဲ့ကြရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.