Connect with us

Africa & Middle East

အီရတ် နိုင်ငံ မြို့တော် တွင် အသေခံ ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွားကာ တိုက်ခိုက်မှု ကြောင့် ၉ ဦးသေဆုံး ခဲ့ရ

အီရတ် အစိုးရ တပ်ဖွဲ့ဝင် တစ်ဦးအား Mosul မြို့အတွင်း မြင်တွေ့ ခဲ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က မြို့တော် ဘဂ္ဂဒက် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက အသေခံ ကားဗုံး ဖောက်ခွဲမှု ဖြင့် တိုက်ခိုက်ခံရပြီး အနည်းဆုံး ၉ ဦးသေဆုံး ခဲ့ရကြောင်း ကို အခင်းဖြစ်ပွားသည့် နေတွင် ထုတ်ပြန် ခဲ့သည်။

အမည်မဖော်လိုသော ရဲဝန်ထမ်း တစ်ဦး မှ ဆင်ဟွာ သတင်းဌာနကို ပြောကြားရာတွင် တိုက်ခိုက်မှု သည် ဘဂ္ဂဒက် မြို့ အရှေ့ပိုင်း ရှိ Sadr မြို့နယ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံ ကားဗုံး ဖောက်ခွဲသူသည် ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကားကို လူအများအပြားရှိနေသည့် ကားရောင်းဝယ်ရေး ဈေးကွက် အနီးသို့ မောင်းနှင်ခဲ့ကာ ဖောက်ခွဲခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိစေခဲ့ပြီး ဈေးဆိုင်အများအပြားကိုလည်း မီးလောင်ကြွမ်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။

Sadr မြို့နယ် သည် Shia ဘာသာဝင်များ စုဝေးနေထိုင်ရာ နေရာဖြစ်ပြီး IS အကြမ်းဖက်တပ်ဖွဲ့၏ တိုက်ခိုက်မှု ကိုလည်း အကြိမ်ကြိမ် ခံခဲ့ရဖူးသည်။လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း ကမှ ယခု အကြမ်းဖက် တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အီရတ် အစိုးရ တပ်ဖွဲ့သည် လက်ရှိချိန်တွင် အီရတ် နိုင်ငံ မြောက်ပိုင်းဒေသ ရှိ IS အကြမ်းဖက် တပ်ဖွဲ့က သိမ်းပိုက်ထားသည့် ဒုတိယ အကြီးဆုံး မြို့တော် Mosul ကို ဝန်းရံ တိုက်ခိုက်နေသည်။ IS အကြမ်းဖက် တပ်ဖွဲ့ သည် တစ်ဘက်က အီရတ် အစိုးရ နှင့် Mosul တွင် တိုက်ခိုက်နေပြီး တစ်ဘက်တွင် နေရာ အနှံ့အပြား၌ အကြမ်းဖက် တိုက်ခိုက်မှုများကိုဆောင်ရွက်ကာ အစိုးရ တပ်ဖွဲ့၏ ထိုးစစ် ကို အရှိန်လျော့ကျစေရန် ရည်ရွယ်၍ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ထောက်ပံ့ရေး အဖွဲ့၏ ပြောကြားချက်အရ ၂၀၁၆ ခုနှစ်တွင် အီရတ် နိုင်ငံ ၌ အရပ်သား ပြည်သူလူထု အနည်းဆုံး ၆၈၇၈ ဦးသည် တိုက်ခိုက်မှုများ အတွင်း သေဆုံးခဲ့ရပြီး ၁၂၃၈၈ ဦးသော ပြည်သူတို့ ဒဏ်ရာရရှိစေခဲ့ကြောင်း ၊ ထို့ပြင် အချို့နေရာများသည် တိုက်ပွဲဖြစ်ပွားနေသဖြင့် စာရင်းပြုစုခြင်း မပြုလုပ် နိုင်သဖြင့် အထက်ဖော်ပြပါ ကိန်းဂဏန်း များသည် အနည်းဆုံးသော ကိန်းဂဏန်း များသာ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.