Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အိုင်အက်စ်ပစ်မှတ် ၁၇ ခုကို တူရကီဂျက်တိုက်လေယာဉ်များ ချေမှုန်း

အိုင်အက်စ်တို့ အား တိုက်ခိုက်ချေမှုန်းနေသည့် တူရကီဂျက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

တူရကီလေတပ်သည် Al-Bab ဒေသအနီးရှိ အိုင်အက်စ်တို့ထိန်းချုပ်ထားသည့် အနည်းဆုံး အဆောက်အအုံ နှစ်လုံးကိုကို ဗုံး ၁၆ လုံးကျဲချခဲ့ကြောင်း နှင့် ၎င်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်ပစ်မှတ် ၁၇ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးနေ့တွင် တူရကီစစ်သား နှစ်ဦးသည် ဆီးရီယားနိုင်ငံမြောက်ပိုင်းတွင် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အလက်ပိုမြို့မြောက်ပိုင်းရှိ တူရကီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ Al-Bab မြို့အနီး၌ အိုင်အက်စ်တို့က ဗုံးဖြင့် တိုက်ခိုက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများကို တူရကီနိုင်ငံနယ်စပ်ရှိ Gaziantep ပြည်နယ် ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဆေးရုံသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက် ကလည်း အိုင်အက်စ်တို့၏ အလားတူ တိုက်ခိုက်မှုကြောင့် တူရကီစစ်တပ်မှ စစ်သားတစ်ဦးသည် သေဆုံးသွားခဲ့သည်။

တူရကီနိုင်ငံက ထောက်ခံမှုပေးထားသည့် ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့သည် Euphrates ဒိုင်းစစ်ဆင်ရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် Al-Bab မြို့နှင့် Al-Rai မြို့အနီးအနားတစ်ဝိုက်တွင် တိုက်ပွဲဝင်နေကြပြီး ၎င်းတို့သည် သြဂုတ်လ နှောင်းပိုင်းကတည်းက ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်နိမိတ်ကို ကျော်ဖြတ်၍ တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.