Connect with us

Africa & Middle East

အီရတ် တွင် မင်္ဂလာဆောင်တစ်ခု၌ အသေခံဗုံးပေါက်ကွဲမှုကြောင့် ၁၅ဦးသေဆုံး

အီရတ်တွင် ဖြစ်ပွားခဲ့သည့် မင်္ဂဆောင်၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရမ်မာဒီ၊ နိုဝင်ဘာ ၁၈ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Fallujah မြို့အနီးရှိ မြို့တစ်မြို့တွင် နိုဝင်ဘာ ၁၇ရက်က မင်္ဂလာဆောင်တစ်ခုအား ပစ်မှတ်ထား၍ အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာလုံခြုံရေး သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ အနောက်ဘက် ၅၀ကီလိုမီတာ အကွာ ရှိ Ameriyat al-Fallujah မြို့တွင် မင်္ဂလာဆောင် ညစာ စားပွဲကျင်းပနေစဉ် လူအုပ်အတွင်း၌ အသေခံဗုံးခွဲသမားသည် ဗုံးများတပ်ဆင်ထားသည့် ၎င်း၏ အင်္ကျီအား ဖောက်ခွဲခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လူနာတင်ကားများ၊ ရဲတပ်ဖွဲ့ဝင် နှင့် ပြည်သူတို့၏ မော်တော်ယာဉ်များဖြင့် ဒဏ်ရာရရှိသူများအား မြို့အတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

ယခုအထိ ယင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့အစည်း ကပြုလုပ်ကြောင်း မကြေညာသေးသော်လည်း ထိုသို့ လူစည်ကားရာ အရပ်များ၌ အသေခံဗုံးဖောက်ခွဲမှုများအား IS စစ်သွေးကြွအဖွဲ့ က အများဆုံးလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

အကြမ်းဖက်လုပ်ငန်းများ၊ ပဋိပက္ခများ နှင့် လက်နက်ကိုင် တိုက်ပွဲများကြောင့် အောက်တိုဘာလအတွင်း အီရတ်နိုင်ငံ၌ အီရတ်နိုင်ငံသား ၁,၇၉၂ဦး သေဆုံးခဲ့ပြီး နှင့် ၁,၃၅၈ဦး ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထောက်အပံ့ပေးရေး အဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117