Connect with us

Africa & Middle East

အာဖဂန်တပ်ဖွဲ့ က တစ်ရက်အတွင်း စစ်သွေးကြွ ၁၂ဦး သုတ်သင်နိုင်ခဲ့

အာဖဂန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ)

အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နောက်ဆုံး စစ်ဆင်ရေးများအတွင်း စစ်သွေးကြွအရေအတွက် အများအပြား သုတ်သင်နိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က နိုဝင်ဘာ ၂၃တွင်ပြောကြားခဲ့သည်။

အာဖဂန် စစ်တပ်၊ ရဲတပ်ဖွဲ့ နှင့် စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လွန်ခဲ့သည့် ၂၄နာရီအတွင်း နယ်မြေရှင်းလင်းခြင်း နှင့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၁၂ဦးအား သုတ်သင်နိုင်ခဲ့ပြီး အခြား စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်၌ နိုင်ငံ၏ ပြည်နယ်ပေါင်း ၃၄ပြည်နယ် အနက် ၁၁ ပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့်စစ်ဆင်ရေးများ၌ လက်နက်များ သိမ်းဆည်းရမိခဲ့ပြီး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခြင်း ရှိ၊မရှိကို မထုတ်ပြန်ထားကြောင်းသိရသည်။

စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆောင်းရာသီမတိုင်ခင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်ကြိုးပမ်းလာမှု နှင့် ၎င်းတို့ခြေကုပ်ယူထားသည့် စခန်းများ ပိုမိုခိုင်မာမှုရှိလာစေရန် လုပ်ဆောင်လာသည့်အတွက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာ စစ်ဆင်မှုများကို မကြာသေးမီက တိုးမြှင့်ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။

တာလီဘန်စစ်သွေးကြွအုပ်စုသည် ယင်းစစ်ဆင်ရေးများ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.