Africa & Middle East
ဆော်ဒီမင်းသားတစ်ဦးအား လူသတ်မှုကြောင့် သေဒဏ်ပေး
ရီရာ့ဒ်၊ အောက်တိုဘာ (၁၉) ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဆော်ဒီမင်းသားတစ်ဦးအား ဆော်ဒီ နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်က ကြေညာခဲ့သည်ကို ဆော်ဒီ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဆော်ဒီမင်းသား Turki bin Saud bin Turki bin Saud Al Kabeer သည် လွန်ခဲ့သော ၄နှစ်က အုပ်စုလိုက် တိုက်ခိုက်မှု အတွင်း ဆော်ဒီနိုင်ငံသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
သေဒဏ်ပေးမှုသည် လူတန်းစားမရွေး အစ္စလာမ်မစ်ဥပဒေကို လိုက်နာရသည့် ဆော်ဒီအာရေဗျနိုင်ငံအတွက် နိုင်ငံအတွင်း ကျူးလွန်သည့် ပြစ်မှုအမျိုးမျိုးအတွက် ပြစ်ဒဏ်တစ်ခုဖြစ်ကြောင်း နှင့် လူသတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး နှင့် ပတ်သက်နေသည့် ပြစ်မှုများကို အဓိကအားဖြင့် သေဒဏ်ချမှတ်လေ့ရှိကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ က သေဒဏ်ပေးမှုအား ဓါး (သို့) သေနတ် ဖြင့် အကျဉ်းထောင်အတွင်း၌ စီရင်သွားမည်ဖြစ်ကြောင်း သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။ (Xinhua)