Connect with us

Africa & Middle East

ကင်မရွန်း၌ ရထားတိမ်းမှောက် ၅၃ ဦးသေဆုံး

ကင်မရွန်းနိုင်ငံ Yaounde မြို့ ၌ ရထားတိမ်းမှောက်မှု မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရာအွန်ဒီ ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ ရာအွန်ဒီ ( Yaounde) မြို့မှ နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် Douala မြို့သို့ဦးတည် မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စင်းသည် အောက်တိုဘာလ ၂၁ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်တွင် တိမ်းမှောက်သွားရာ ရထားပေါ်လိုက်ပါလာသူ ၅၃ ဦးသေဆုံးပြီး ၃ဝဝ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း နိုင်ငံပိုင် CRTV ရေဒီယိုက အသံလွှင့်ခဲ့သည်။

အဆိုပါရထားသည် ရာအွန်ဒီမြို့မှ ၁၂ဝ ကီလိုမီတာ အကွာ နိုင်ငံအလယ်ပိုင်းရှိ Eseka ဘူတာရုံ၌ လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားတိမ်းမှောက်မှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ၎င်းရထားသည် ဘူတာရုံသို့ချဉ်းကပ်ဝင်ရောက်လာစဉ် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း နှင့် သေဆုံးသူဦးရေမှာ များပြားနိုင်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။Yaounde နှင့် Douala ကို ဆက်သွယ်ပေးသည့် ရထား လမ်းပေါ်ရှိ လမ်းပိုင်းတစ်နေရာသည် အခင်းဖြစ်နေ့မတိုင်ခင် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းထားကြောင့် နိုမ့်ကျနေခဲ့ရာ ထိုနေရာတွင် ၇ထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းမြို့နှစ်မြို့ကြားတွင် သွားလာနေကြသော ခရီးသည်များသည် ရထားခရီးလမ်းကို ပိုမိုအသုံးပြုနေကြသူများဖြစ်ပြီး ရာအွန်ဒီ မြို့မှ အောက်တိုဘာလ ၂ဝ ရက် နံနက်ပိုင်းက ထွက်ခွာလာသော ရထားခရီးစဉ်တွင် ခရီးသည်များသည် ပုံမှန်နေ့များထက် ပို၍ များပြားကြောင်းသိရသည်။

သေဆုံးသူ ရုပ်အလောင်းများကို Eseka ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းများက ဆိုသည်။ ဒဏ်ရာရသူများကို မူ နီးစပ်ရာ Puma ၊ Lolodorf နှင့် Douala မြို့များရှိ ဆေးရုံများသို့ပို့ဆောင်ထားကြောင်း သိရသည်။ ဒဏ်ရာရသူများထဲတွင် အလွန်ဆိုးဆိုးဝါးဝါးဒဏ်ရာရထားသူများပါဝင်နေဖြင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိနေသည်။

ကင်မရွန်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး အဂ္ဂါအလိန်း ( Edgar Alain Mebe Ngo’o) က “ ရထားတိမ်းမှောက်မှုကြောင့် လူ့အသက်တွေ နဲ့ ရုပ်ဝတ္တုအများအပြား ဆုံးရှုးံလိုက်ရတာကို မြင်တွေ့ရတော့ ဘာမှ စောဒက တက်စရာမရှိတော့ဘူး” ဟုနိုင်ငံပိုင် ရေဒီယိုတွင် ပြောကြားခဲ့သည်။အဆိုပါဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အခင်းဖြစ်နေရာသို့ရဟတ်ယာဉ် ဖြင့်သွားရောက်ခဲ့ကြောင်း သိရသည်။ ကင်မရွန်းနိုင်ငံဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Issa Tchiroma Bakary က ကင်မရွန်းအစိုးရအနေဖြင့် ဒဏ်ရာရသူများကို ဆေးဝါးကုသပေးရန် ပိုမိုကောင်းမွန်သော ဆေးရုံများသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင် CRTV ရေဒီယို တွင်ပြောကြားခဲ့သည်။ကင်မရွန်းနိုင်ငံ၌ ရထားမတော်တဆမှုများသည် ဖြစ်တောင့်ဖြစ်ခဲ့သော ကိစ္စရပ်တစ်ခုကာမဟုတ်ပေ။ ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၉ ရက်က Ngaoundere မြို့မှ Yaounde မြို့သို့ထွက်ခွာလာသော ရထားတစ်စင်းသည် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၂၇၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)