Africa & Middle East
နိုင်ဂျီးရီးယားတွင် မိုင်းလုပ်သား ၄၀ထက် မနည်း သေနတ်သမားများကြောင့် သေဆုံး

အဘူဂျာ၊ နိုဝင်ဘာ ၉ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်ရှိ အလုပ်ခွင်တစ်ခု တွင် လုပ်ကိုင်နေသည့် မိုင်းလုပ်သား ၄၀ဦးထက်မနည်း အသတ်ခံရသည့်ဖြစ်ရပ်အား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ က နိုဝင်ဘာ ၈ရက် တွင်ပြောကြားခဲ့သည်။
Zamfara ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ Shehu Muhammad က Zamfara ပြည်နယ် Bindin ခရိုင် Gidan Ardo ရွာရှိ နွားသူခိုးဟု ယူဆရသူများက မိုင်းလုပ်သားများအား နိုဝင်ဘာ ၇ရက်က သတ်ဖြတ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
၎င်းက ရဲတပ်ဖွဲ့သည် စစ်တပ်နှင့်ပူးပေါင်း၍ လူသတ်သမားများအား ခြေရာခံစုံစမ်းသွားမည်ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် အတိအကျကိုမူမသိရှိရသေးကြောင်း ပြောကြားခဲ့သည်။
သို့သော် ပြည်တွင်းသတင်းရင်းမြစ်များက သေနတ်သမားများက သတ်ဖြတ်ခဲ့မှုကြောင့် လူ ၄၀ဦးထက်မနည်းသေဆုံးခဲ့ပြီး သေနတ်သမားများသည် ဆိုင်ကယ်များစီးကာ ရွာတွင်းသို့ဝင်ရောက်လာပြီး တွေ့သမျှ မိုင်းလုပ်သားများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သေနတ်သမားများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအကြီးအကဲ Ismail Dongo ကပြောကြားခဲ့သည်။ (Xinhua)