Connect with us

Africa & Middle East

ရာမာလာမြို့၌ ယာဆာအာရဖတ် ပြတိုက်ဖွင့်လှစ်ရန် PNA စီစဉ်နေ

ယာဆာအာရာဖတ် ကွယ်လွန်ခြင်း ၈ နှစ်မြောက်အခမ်းအနားတွင် ပါလက်စတိုင်သမ္မတအက်ဘားစ် မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရာမာလာ ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့(PNA) က နိုဝင်ဘာလ ၉ ရက်တွင်ကျရောက်သော ၁၂ နှစ်မြောက် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့တွင် ယာဆာအာရာဖတ်ပြတိုက်ကို ရာမာလာမြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ ပါလက်စတိုင်းနိုင်ငံသမ္မတ အက်ဘားစ် ၊ အာရပ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး Ahmad Abul Ghait ၊ ၎င်းမတိုင်မီ အာရပ်အဖွ ဲ့ချုပ် အထွေထွေအတွင်းရေးမှူးNail Al-Arabi နှင့် ယခင်ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ်(ဟောင်း) Abdel Salam Al-Majali တို့တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ယာဆာအာရာဖတ်ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူး Ahmad Suboh က ပြတိုက်တည်ဆောက်ရေးစီမံကိန်းကို လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့သည်။ ပါလက်စတိုင်းလူမျိုးအရေးနှင့်ပတ်သက်၍ အာရတ်နိုင်ငံများအကြားစည်းလုံးညီညွတ်ကျစေရန် ရည်ရွယ်ပြီး Abul Ghait နှင့်အခြား အာရပ်အစိုးရများအား သတင်းစကားပေးရန် ဖြစ်ကြောင်း Suboh က ဆက်ပြောသည်။

“ ပါလက်စတိုင်းအရေးဟာ အာရပ်နိုင်ငံတွေအကြား ပထမဦးစားပေးကိစ္စအနေနဲ့ဆက်ပြီးရှိနေသေးသလို ပိုပြီးအလေးထားကြဖို့ဆိုတဲ့ သတင်းစကားတွေပါပါတယ်” ဟု Suboh က ဆိုသည်။

ယာဆာအာရာဖတ်ပြတိုက် အဆောက်အအုံကို မြေပြင်အကျယ် ၂၆ဝဝ စတုရန်းမီတာတွင် အထပ် နှစ်ထပ်ဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ဆောက်လုပ်ခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၇ သန်းခန့်ရှိကြောင်း သိရသည်။

ပြတိုက်ထဲတွင် ပန်းချီကားပေါင်း ၁၂ဝ ကားကို ချိတ်ဆွဲထားပြီး ၁၉၉၃ ခုနှစ်တွင် ပါလက်စတိုင်းလွတ်မြောက်ရေးတပ်မတော် နှင့် အစ္စရေးနိုင်ငံတို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး အိုစလိုသဘောတူညီမှုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ရရှိထားသော နိုဗယ်ငြိမ်းချမ်းရေးဆုတံဆိပ်အပါအဝင် ယာဆာ အာရာဖတ် ပိုင်ဆိုင်သော ပစ္စည်အမျိုးပေါင်းများစွာကို ပြသထားကြောင်းသိရသည်။

ယာဆာအာရာဖတ် ပြတိုက်ကို နိုဝင်ဘာ ၁ဝ ရက်တွင် အများပြည်သူတို့အား စတင်ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ ယာဆာအာရာဖတ်သည် PNA ၏ ပထမဆုံးသမ္မတဖြစ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အသက် ၇၅ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.