Connect with us

Africa & Middle East

နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ် ဟု သံသယရှိသူ ၁,၀၀၀ကျော်အား ပြန်လည်လွှတ်ပေးခဲ့

နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ် ဟု သံသယရှိ၍ ဖမ်းဆီးထားသူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ်တွင် ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု အဖွဲ့ဝင် ဟု သံသယရှိ၍ ဖမ်းဆီးထားသည့် လူ ၁,၂၇၁ဦးအား နိုင်ဂျီးရီးယားစစ်တပ် က ပြန်လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၇ရက်တွင်ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ မှ အောက်တိုဘာလ အတွင်း ပြန်လွှတ်ပေးခဲ့သည့် သံသယရှိသူအများစု မှာ အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ကြောင်း နိုင်ဂျီးရီးယား ကြည်းတပ် အမှတ်(၇)စစ်တိုင်း တပ်မှူး ဗိုလ်မှူးချုပ် Victor Ezugwu က ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီမှာ ပြန်လွှတ်ပေးခဲ့တဲ့ လူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အဓိက ပါဝင်ပါတယ်။ ထို့အတူ မေလမှာလည်း ၂၀၄ဦးထပ်မံ လွှတ်ပေးခဲ့ပြီး နောက်ထပ်ကျန်ရှိနေတဲ့ လူတွေ ပြန်လွှတ်ပေးတာကို စက်တင်ဘာ နဲ့ အောက်တိုဘာ မှာ သုံးခါခွဲပြီး လွှတ်ပေးခဲ့ပါတယ်” ဟု နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Maiduguri မြို့တွင် ပြုလုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့ (သို့) လက်နက်ကိုင်အုပ်စုများ နှင့် ပတ်သက်နေသည့် ကလေးငယ်များ ပြန်လည်ပေါင်းစည်းနိုင်ရေး ဖိုရမ်တစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

၎င်းက စစ်တပ်သည် ထိန်းသိမ်းခံထားရသူများ၏ လူမှုဖူလှုံရေး တိုးတက်အောင် လုပ်ဆောင်ပေးနေပြီး ကလေးသူငယ်များ နှင့် အားနည်းသူများအား မျှတသည့် အစားအစာများ တစ်နေ့ သုံးကြိမ်ကျွေးမွေးကြောင်း ပြောကြားခဲ့သည်။

၎င်းက တနင်္ဂနွေနေ့တိုင်း ၎င်းတို့အတွက် အသား (သို့) ငါးတစ်မျိုးမျိုး စီစဉ်ပေးကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြန်လွှတ်ပေးခဲ့သော သံသယရှိသူတစ်ချို့သည် ပြည်တွင်းဒုက္ခသည် စခန်းများသို့ ရွှေ့ပြောင်းရမည့်အစား ယခုနေရာတွင်သာ ကျန်ရစ်နေချင်ကြကြောင်း Ezugwu က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.