Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် အသေခံဗုံး၂လုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံး

နိုင်ဂျီးရီးယားတွင် ယခင်ကဖြစ်ပွားခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ပြည်တွင်း ရွှေ့ပြောင်းအခြေချ ဒုက္ခသည်စခန်းတစ်ခု တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရတာဝန်ရှိသူများက ဇူလိုင် ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှု ၂ခုအား ဇူလိုင် ၂၈ရက် ညပိုင်းတွင် အမျိုးသမီး အသေခံဗုံးခွဲသမား ၂ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အတွင်းရှိ Dikwa ခရိုင်အကြီးအကဲ Rawa Modu ကပြောကြားခဲ့သည်။တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။Modu က အသေခံဗုံးခွဲသမားများသည် ဖောက်ခွဲမှုများပြုလုပ်ရန် ဒုက္ခသည်စခန်းအတွင်းသို့ ရောနှော ရောက်ရှိနေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

လူ ၇ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။ယင်းတိုက်ခိုက်မှုများအား ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.