Connect with us

Africa & Middle East

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ဦးသေဆုံး

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း ရှိ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသော လမ်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် ဇူလိုင် ၂၉ ရက်က ယာဉ်မတော်တဆမှုတစ်ခု ကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ လမ်းအန္တရာယ်ကင်းရှင်းရေးရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် ရပ်ထားသောထရပ်ကားတစ်စီးတို့ နိုင်ငံအနောက်မြောက်ပိုင်း ဂျီဂါဝါပြည်နယ် ရှိ ဂူမယ်ဧရိယာတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အရှိန်ဖြင့် မောင်းနှင်လာသော ဘတ်စ်ကားသည် ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသော လမ်းမတစ်ခုတွင် စက်ပျက်နေ၍ ရပ်ထားသည့် ထရပ်ကားတစ်စီးအား ဝင်တိုက်မိခြင်းဖြစ်ကြောင်း လမ်းအန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လမ်းအန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့ ရဲမှူး က ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၅ဦးသည် အခင်းဖြစ်ပွားရာ၌ ပင်သေဆုံးသွားခဲ့ပြီး အခြား ၃ဦးမှာ ဒေသတွင်း ဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းအကြောင်းရင်း အတိအကျကို သိရှိရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။လမ်းအန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့ က ကနဦး စစ်ဆေးတွေ့ရှိမှုအရ ထရပ်ကား ယာဉ်မောင်းသည် ၎င်း၏ ယာဉ်တွင် ချို့ယွင်းချက် ရှိ၍ မရွေ့နိုင်ကြောင်း သတိပေးထားသည့် သင်္ကေတ တစ်ခုမျှ ညွှန်ပြထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117