Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအရှိန်မြင့်တက်နေမှုကြောင့် လူ ၂၀ ကျော်သေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရ


ဂျေရုဆလင်၊ မေ ၆ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားမှုသည် မေ ၅ ရက်တွင် အရှိန် ဆက်လက်မြင့်တက်နေရာ ပဋိက္ခကြောင့် သေဆုံး ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က ဂါဇာဒေသကို မေ ၅ ရက်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၁၉ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာနက ယင်းနေ့ညတွင်ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့သည့် ပျက်ဆီးဆုံးရှုံးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့သည့် ပျက်ဆီးဆုံးရှုံးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

မေ ၄ ရက်ကစ၍ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့က ဂါဇာဒေသမှနေ၍ အစ္စရေးနယ်နမိတ်အတွင်း သို့ ဒုံးကျည် အစင်းရေ ၆၅၀ လုံးခန့် ပစ်ခတ်ခဲ့ရာ အစ္စရေး ၄ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ ယင်းဖြစ်စဉ်ကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတပ်က ဂါဇာဒေသ ပစ်မှတ် ၃၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း Hamasအဖွဲ့ တိုက်ရိုက်လက်အောက်ခံ al-Qassam လက်နက်ကိုင်တပ်ဖွဲ့ နှင့် Jihad အဖွဲ့၏တိုက်ရိုက်လက်အောက်ခံ Al-Qudsလက်နက်ကိုင်တပ်ဖွဲ့က အစ္စရေး၏ကျူးကျော်မှုများကို ခိုင်မာစွာခုခံတွန်းလှန်သွားမည်ဖြစ်ပြီး ပိုမိုအင်အားကောင်းသည့် လက်နက်ကြီးများအသုံးပြု၍ အစ္စရေး ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသီးသီးပြောကြားခဲ့သည်။

ပါလက်စတိုင်းသမ္မတ Mahmoud Abbasက ဂါဇာဒေသတွင် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်အကြား စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရန်၊ နှစ်ဖက်အကြား အပစ်ခတ်စဲမှုများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီပေးရန် နှိုးဆော်ထားကြောင်း သိရသည်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကမူ အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကို ဆက်လက် တိုက်ခိုက်မှုများပြုလုပ်ရန်နှင့် စစ်ရေးအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် လုံခြုံရေးဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးတွင် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင်အစ္စရေးတောင်ပိုင်း ဒေသများကို လည်း စစ်အင်အားတိုးချထားကြောင်း သိရသည်။

ပါလက်စတိုင်းသုတေသန စင်တာ အကြီးအကဲ Hani Al-Masri က ပါလက်စတိုင်းသည် မေ ၆ ရက် တွင် ရာမန်ဒန်ဥပုသ်လသို့ ရောက်ရှိမည်ဖြစ်ရာ ပါလက်စ္စတိုင်း -အစ္စရေး ပဋိပက္ခများသည် ထိုကာလ အတွင်း အပြောင်းအလဲဖြစ်နိုင်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.