Connect with us

Africa & Middle East

တူရကီနိုင်ငံ ၏ ရွေးကောက်ပွဲဘုတ်အဖွဲ့က အစ္စတန်ဘူလ် မြို့တော်ဝန်ရွေးကောက်ပွဲ ရလဒ်အားဖျက်သိမ်း

တူရကီနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ မေ ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ ၏ အမြင့်ဆုံးရွေးကောက်ပွဲ ကောင်စီက အာဏာရပါတီ ၏ တောင်းဆိုချက်အရ အစ္စတန်ဘူလ်ရွေးကောက်ပွဲ ရလဒ်အားဖျက်သိမ်းကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက ဖော်ပြခဲ့သည်။

၅နာရီကျော်ကြာအောင် အခြေအတင်ငြင်းခုန်ဆွေးနွေးပြီးနောက် အမြင့်ဆုံးရွေးကောက်ပွဲဘုတ်အဖွဲ့၏ ၇မဲ ၄မဲ အများစုအသာဖြင့် နွေရာသီတွင် မြို့တော်ဝန်ရွေးကောက်ပွဲအားပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသည့် ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ ကနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်နှင့် မြို့တော်အန်ကာရာတို့တွင် အနိုင်ရရှိခဲ့သည်။

အာဏာရ တရားမျှတမှုနှင့် ဖွံံ့ဖြိုးတိုးတက်မှုပါတီက အစ္စတန်ဘူလ် မြို့တွင် မဲရလဒ်ကို မှန်ကန်မှု မရှိဟုပြောကြား၍ ပယ်ဖျက်ပေးရန်တောင်းဆိုခဲ့သည်။

အဆိုပါရွေးကောက်ပွဲကောင်စီ၏ ပြဌာန်းချက်သည် အတည်ဖြစ်ပြီး ပို၍မြင့်သောတရားရုံးတစ်ခု သို့ အယူခံဝင်၍ မရကြောင်း သိရသည်။ (Xinhua)