Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပြည်နယ်ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်ပွား၊ လူ ၂၆ ဦး သေဆုံး

အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ မေ ၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ မေ ၅ ရက်တွင် တိုက်ခိုက်ခံရ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ေကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းများ အရ သိရသည်။

မေ ၅ ရက် နေ့လည်ပိုင်းတွင် တိုက်ခိုက်သူတစ်ဦးက Baghlanပြည်နယ် Pul-e-Khumriမြို့ရှိ ပြည်နယ်ရဲစခန်းအဆောက်အဦပြင်ပတွင် မော်တော်ယာဉ်ဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ၊ ထို့နောက် တိုက်ခိုက်သူများက အဆောက်အဦအတွင်းသို့ ဝင်ရောက်စီးနှင်းခဲ့ကြကြောင်း ယင်းပြည်နယ် လုံခြုံရေးအရာရှိ Abbas Tawakoli က ဆိုသည်။ တိုက်ခိုက်သူနှစ်ဦးမှာ အဆောက်အဦအတွင်း ၎င်းကိုယ်ပေါ်တွင်တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ၊ အခြားသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး၊ တိုက်ခိုက်သူ ၈ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃၅ ဦးနှင့်အရပ်သား ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မေ ၅ ရက် ညပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ဒဏ်ရာရသူများကို Pul-e-Khumriမြို့ရှိဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးအရာရှိ Haleem Ghafariက ဆိုသည်။

အာဖဂန် တာလီဘန်များက ယခုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားကြောင်း သိရသည်။

ယခုကာလများတွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာလီဘန်လက်နက်ကိုင်များအကြား ပဋိပက္ခ များ အဆက်မပြတ် ပိုမိုဖြစ်ပွားလျက်ရှိသည်။ ဧပြီလတွင် တာလီဘန်လက်နက်ကိုင်များက အာဖဂန် အနောက်ပိုင်း Badghisပြည်ရှိဒေသနှစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)