Africa & Middle East
အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်းသူ အများစုကို အီရန် လွှတ်တော် အတည်ပြု

တီဟီရန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီက အမည်စာရင်း တင်သွင်းထားသော အစိုးရအဖွဲ့ဝင် အများစုအား လွှတ်တော်က သြဂုတ်လ ၂၀ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
သမ္မတ ရိုဟာနီ အဆိုပြုထားသော အစိုးရအဖွဲ့ဝင် ၁၈ ဦးအနက် ၁၆ ဦးအား ဥပဒေပြုအမတ်များက ထောက်ခံ ဆန္ဒမဲပေးခဲ့ခြင်း ဖြစ်သည်။စွမ်းအင်ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားသူအား လွှတ်တော်အမတ်များက ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း၊ သိပ္ပံ၊ သုတေသနနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးအတွက်မူ သမ္မတ ရိုဟာနီက အမည်စာရင်း တင်သွင်းထားခြင်း မရှိခဲ့သော်လည်း လာမည့် ရက်များအတွင်း ယင်း ရာထူးအတွက် ခန့်အပ်သွားရန်ရှိကြောင်း သိရသည်။ဝန်ကြီးအဆင့် အမည်စာရင်း တင်သွင်းခြင်းခံရသူ ၁၇ ဦးအား အရည်အချင်း စစ်ဆေးရန်အတွက် လေးရက်ကြာ ဝေဖန်ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် မဲရလဒ်များအား လွှတ်တော် ဥက္ကဋ္ဌ အလီ လာရီဂျာနီက ကြေညာခဲ့သည်။ (Xinhua)