Connect with us

Africa & Middle East

ဟာ့ဂျ်ရာသီအတွင်း ဘုရားဖူးလာသူ ၁.၁ သန်းအား ကာကွယ်ဆေးထိုးပေးနိုင်ရန် ဆော်ဒီ စီစဉ်

မက္ကာရှိ Grand ဗလီတွင် ဘုရားဝတ်ပြုနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံက ဆိပ်ကမ်းမြို့ ဝင်ပေါက်များရှိ ကျန်းမာရေး ထိန်းချုပ်မှု စင်တာများမှတစ်ဆင့် ဘုရားဖူးလာရောက်သူ ၁.၁ သန်းကျော်အား သြဂုတ်လ ၂၀ ရက်က ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်ဟု ကြေညာလိုက်ကြောင်း ဆော်ဒီ ပရက်စ် အေဂျင်စီက သတင်းဖော်ပြထားသည်။

သြဂုတ်လ ၁၈ ရက်အထိ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ရန် ဘုရားဖူး ၈၀၄၂၃၇ ဦး၊ ပိုလီယိုရောဂါ ကာကွယ်ရန်အတွက် ဘုရားဖူး ၂၃၆၅၆၉ ဦးနှင့် Yellow Fever ကာကွယ်ရန် ၉၇၇၀၅ ဦးအား ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက အတည်ပြု ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးခြင်း အစီအစဉ်သည် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ပြုလုပ်သည့် ကူးစက်ရောဂါများနှင့် ကပ်ရောဂါများ ကာကွယ်ရန် လုပ်ဆောင်မှုများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ယခုနှစ် ဟာဂျ်ရာသီအတွင်း မက္ကာသို့ လာရောက်ကြမည့် ကမ္ဘာတစ်ဝန်းမှ ဘုရားဖူး ၂ သန်းကျော်နှင့်အတူ ကပ်ရောဂါ ဆိုင်ရာ ဖြစ်ပွားမှုအား ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117