Connect with us

Africa & Middle East

အီရတ်နိုင်ငံ တဲလ်အဖာမြို့ လွတ်မြောက်ရေး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ကြေညာ

အီရတ်နိုင်ငံ တဲလ်အဖာမြို့ စစ်ဆင်ရေးတွင် ပါဝင်မည့် အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုလ်ဆူးမြို့ အနောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ တဲလ်အဖာမြို့မှ အိုင်အက်စ် စစ်သွေးကြွများအား နှင်ထုတ်မည့် စစ်ဆင်ရေးအား သြဂုတ်လ ၂၀ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟေဒါ အယ်လ်-အာဘတ်ဒီက ကြေညာလိုက်သည်။

အီရတ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုလ်ဆူးမြို့အား အိုင်အက်စ်တို့ လက်မှ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့ပြီးနောက် သီတင်းပတ် ခြောက်ပတ်အကြာ၌ အဆိုပါ စစ်ဆင်ရေးအား ကြေညာလိုက်ခြင်း ဖြစ်သည်။ယခုကဲ့သို့ စစ်ဆင်ရေးအသစ် လုပ်ဆောင်မည်ကို သြဂုတ်လ ၂၀ ရက် အရုဏ်ဦး ရုပ်သံ မိန့်ခွန်း၌ အာဘတ်ဒီက ပြောကြားခဲ့သည်။အီရတ် လုံခြုံရေးတပ်ဖွဲ့နှင့် အိုင်အက်စ်အဖွဲ့အကြား ၉ လကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် ဇွန်လ ၁၀ ရက်တွင် မိုလ်ဆူးမြို့ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.