Connect with us

Africa & Middle East

အမေရိကန်၏ပိတ်ဆို့မှုများအား တုံ့ပြန်ဆောင်ရွက်ရန် အီရန် မကြာမီကြေညာမည်ဟု ဆို

Hormuz ရေလက်ကြားတွင် အီရန်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန် ၊ မေ ၇ ရက်(ဆင်ဟွာ)

အမေရိကန်၏ အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခြင်းနှင့် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်စတင်ခြင်းကို တုန့်ပြန်ဆောင်ရွက်ရန် အီရန်က ယခုရက်ပိုင်းများတွင် ကြေညာမည်ဖြစ် ကြောင်း အီရန် မီဒီယာများ၏ မေ ၆ ရက် သတင်းများအရ သိရသည်။

အဓိကအားဖြင့် အမေရိကန်၏ အီရန် ရေနံတင်ပို့မှုနှင့် ဘဏ်စနစ်ပိတ်ဆို့မှုကို ဦးတည်သည့် တန်ပြန် ဆောင်ရွက်မှုများ ဖြစ်မည်ဟု အီရန် Fars သတင်းအေဂျင်စီက ဆိုသည်။

အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်၏တစ်ဖက်သတ်နုတ်ထွက်မှုနှင့် ပိတ်ဆို့မှုများကို တုန့်ပြန်ဆောင်ရွက်ရန် အီရန်အစိုးရက တရားဝင်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Tehran Time သတင်းစာ၏သတင်းများအရ သိရသည်။ တန်ပြန်ဆောင်ရွက်မှုများမှာ အီရန်နျူကလီးယား သဘောတူညီချက်မူဘောင်အောက်တွင်ရှိသည့် အီရန်၏ နျူကလီးယားလှုပ်ရှားမှုများ၏ ကန့်သတ်ချက်တစ်ချို့ကို အီရန်ဘက်မှ ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင်ပင် ထို့သို့ဆောင်ရွက်ခြင်းသည် အီရန်နျူကလီးယား သဘောတူညီချက်မှ အီရန်နုတ်ထွက်ခြင်း မဟုတ်ကြောင်း သတင်းအရင်းအမြစ်တစ်ခု၏ပြောကြားချက်ကို ကိုးကား၍ ၎င်းသတင်းစာတွင် ဖော်ပြထားသည်။

ယခုကာလများတွင် အီရန်၏သတိပေးချက်များကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က အရှေ့ အလယ်ပိုင်းဒေသများသို့ USS Abraham lincoln လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ် အထူး တပ်ဖွဲ့ကို စေလွှတ်ရန် စီစဉ်နေကြောင်း အမေရိကန် အိမ်ဖြူတော်၏ မေ ၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားထားသည်။

ပြီးခဲ့သောနှစ် မေလတွင် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက် ကြောင်း ကြေညာခဲ့ပြီး အီရန်အပေါ်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။ ယခုနှစ် မေ ၂ ရက်မှစ၍ အမေရိကန်သည် အချို့နိုင်ငံနှင့်ဒေသများကို အီရန်ရေနံတင်သွင်းခွင့် ပိတ်ဆို့ခဲ့ပြီး အီရန်ရေနံတင်ပို့မှု များကို ဘက်စုံ တားမြစ်ခဲ့သည်။ မေ ၃ ရက်တွင် အီရန်၏နျူကလီးယားလှုပ်ရှားမှုများကို ပိုမိုကန့်သတ် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီရန်က ၎င်းအနေဖြင့် ရေနံတင်ပို့မှုမပြုနိုင်ပါက Hormuz ရေလက်ကြားကို ပိတ်ဆို့မည်ဟု အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.