Connect with us

Africa & Middle East

ကင်ညာ-အီသီယိုးပီးယား နှစ်နိုင်ငံနယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွား၊ ကင်ညာလူမျိုး ၁၁ ဦး သေဆုံး

ကင်ညာနိုင်ငံ ကျေးရွာတစ်ခုတွင် ရေခပ်နေသည့် ရွာသူရွာသားများအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ မေ ၈ ရက်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံနှင့်ဆက်စပ်နေသည့် ကင်ညာနိုင်ငံ မြောက်ပိုင်း Marsabitကောင်တီရှိ ကျေးရွာ တစ်ခုတွင် မေ ၆ ရက်က ပဋိပက္ခဖြစ်ပွားရာ ကင်ညာလူမျိုး ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိက မေ ၇ ရက်တွင်ပြောကြားခဲ့သည်။

မေ ၆ ရက်တွင် Marsabitကောင်တီ Ulanကျေးရွာရှိ မွေးမြူရေးသမားများက အိမ်နီးချင်းကျေးရွာရှိ အီသီယိုးပီးယား မွေးမြူရေးသမားတို့အကြား ရေအရင်းအမြစ်နှင့်ပတ်သတ်၍ ဆွေးနွေးမှုများ ပြုလုပ် နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ရာ ကင်ညာလူမျိုး ၁၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ သေဆုံးဒဏ်ရာရသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း ဒေသခံအရာရှိ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါပဋိပက္ခအတွင်း ကင်ညာလူမျိုး ၄ ဦးပျောက်ဆုံးနေကြောင်း ကင်ညာမီဒီယာများများ၏ သတင်း များအရ သိရသည်။အဆိုပါကျေးရွာက အချင်းဖြစ်ရပ်နှင့်ပတ်သတ်၍ ကင်ညာအစိုးရအနေဖြင့် အမြန်ဆုံးဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)