Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ၏ လူဦးရေ ၉ သန်းကျော်ရှိနေ

အစ္စရေး နိုင်ငံ ဂျေရုစလမ်မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ မေ ၇ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံ၏ လူဦးရေမှာ ၉ သန်းကျော် လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံ၏ ဗဟိုစာရင်းအင်းဗျူရိုက မေ ၆ ရက်တွင် ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။

အစ္စရေး နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော တစ်နှစ်က ၈.၈၄ သန်း နှင့် ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် ၈.၉၇ သန်းတို့မှ တိုးလာခဲ့ကာ ၉.၀၂ သန်း ရှိလာခဲ့ကြောင်း သိရသည်။

အစ္စရေး နိုင်ငံ စတင် တည်ထောင်ခဲ့သော ၁၉၄၈ ခုနှစ်တွင် နိုင်ငံ လူဦးရေမှာ ၈၀၆,၀၀၀ ဦးရေသာ ရှိခဲ့ရာမှ ဆယ်ဆကျော် တိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာရင်းအင်း အချက်အလက်များ အရ အစ္စရေး နိုင်ငံတွင် ဂျူးလူမျိုး ၆.၆၉ သန်း နှင့် အာရေဗျလူမျိုး ၁.၈၉ ရှိကာ စုစုပေါင်း လူဦးရေ၏ ၇၄.၂ ရာခိုင်နှုန်း နှင့် ၂၀.၉ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရသည်။

ထို့အတူ အာရေဗျ မဟုတ်သော ခရစ်ယန်များ သို့မဟုတ် အခြား ဘာသာရေး အဖွဲ့ဝင်များ ဖြစ်သည့် အစ္စရေး နိုင်ငံသား ၄၃၄,၀၀၀ ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်မှု အရ အစ္စရေး နိုင်ငံတွင် တကမ္ဘာလုံး၏ ဂျူးလူမျိုး ၄၅ ရာခိုင်နှုန်းခန့်လက်ရှိတွင် နေထိုင်နေကြပြီး အစ္စရေးရှိ ဂျူးလူမျိုး ၇၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် မွေးဖွားခဲ့ကြောင်း သိရသည်။

အစ္စရေး နိုင်ငံတွင် လွန်ခဲ့သော လွတ်လပ်ရေးနေ့မှ စ၍ ကလေးငယ် ၁၈၈,၀၀၀ ဦး မွေးဖွားခဲ့ကြောင်းလည်း ယင်းအချက်အလက်များ အရ သိရသည်။

ထို့အတူ အစ္စရေး နိုင်ငံတွင် အသက် ၉၀ ကျော် လူဦးရေ ၄၈,၀၀၀ ဦး ရှိကြောင်း သိရသည်။

အစ္စရေး နိုင်ငံ၏ လူဦးရေမှာ နှစ် ၁၀၀ မြောက် လွတ်လပ်ရေးနေ့ကျင်းပမည့် ၂၀၄၈ ခုနှစ်တွင် ၁၅.၂ သန်း ရှိလာနိုင်ကြောင်း နိုင်ငံ၏ ဗဟိုစာရင်းအင်းဗျူရိုက ခန့်မှန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.