Africa & Middle East
အမေရိကန် နပန်းသမားများကို အီရန် ပြည်ဝင်ခွင့် ပြန်ပေး

တီဟီရန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ Kermanshah မြို့၌ ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလား အလွတ်တန်း နပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော အမေရိကန် နပန်းသမားများကို ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမေရိကန် နပန်းသမားများကို ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်မှာ ကျင်းပမည့် နပန်းပြိုင်ပွဲတွင် ပါဝင်နိုင်ရန် ဗီဇာ ပေးလိုက်ပြီ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က ဖေဖော်ဝါရီလ ၅ ရက်တွင် ပြောကြားလိုက်သည်။
မူဆလင်နိုင်ငံ ၇ နိုင်ငံအပေါ် အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီးနောက် အီရန်ကလည်း ဖေဖော်ဝါရီလ ၃ ရက်တွင် အမေရိကန် အားကစား အဖွဲ့၏ ဗီဇာများကို ပိတ်ပင်လိုက်သည်။
အမေရိကန် အားကစားအဖွဲ့အတွက် ဗီဇာ ထုတ်ပေးရန် လူငယ်ရေးရာနှင့် အားကစား ဝန်ကြီးဋ္ဌာနကို အီရန် နပန်း အဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၄ ရက်တွင် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)