Connect with us

Africa & Middle East

ဆီးရီးယား၌ စစ်သားများသေဆုံးမှု မရှိကြောင်း ရုရှား ငြင်းဆို

ဆီးရီးယားနိုင်ငံ ဒမတ်စကက်စ်မြို့ အနီး၌ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ရုရှားတပ်ဖွဲ့ ဝင်များက ဆီးရီးယားအရပ်သားများအား စားနပ်ရိက္ခာများ ဝေငှပေးနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ ရုရှားစစ်သားများ သေဆုံးမှုရှိနေကြောင်း သတင်းဖော်ပြချက်များ ထွက်လာပြီးနောက် ၊ ယင်းဖော်ပြချက်မှာ မဟုတ်မမှန်ကြောင်း နှင့် ဆီးရီးယားရောက် ရုရှားစစ်သားများအနေဖြင့် ကောင်းမွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဆီးရီးယားကို ရောက်နေတဲ့ ရုရှားစစ်သားအားလုံး ဘေးကင်းစွာ ရှိနေကြပြီး သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အဝ ထမ်းဆောင်နေကြပါတယ်” ဟု ရုရှားစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Igor Konashenkov ၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ Latakia မြို့အနီး၌ ရုရှားစစ်ကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်သား ၅ ယောက် ကျဆုံးသွားကြောင်း ကာတာနိုင်ငံအခြေစိုက် Al Jazeera သတင်းဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါ အယ်ဂျာဇီးသတင်းဌာန၏ သတင်းဖော်ပြချက်မှာ “ မှားယွင်းသော သတင်းအချက်အလက်” နှင့် “ လုပ်ကြံသတင်းဖြန့်ဝေမှု” ဟူ၍ Konashenkov က တုံ့ပြန် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဆီးရီးယား ပဋိပက္ခအတွင်း ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှ စတင်ကာ စစ်ရေးအရ ကြားဝင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် မတ်လတွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆီးရီးယားနိုင်ငံသို့ရောက်ရှိနေသော ရုရှားစစ်သား အများစုကို နေရပ်တိုင်းပြည်သို့ပြန်လာကြရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.