Connect with us

Africa & Middle East

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ က IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီး

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား မြင်တွေ့စဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ သည် ပြည်တွင်းနေရာ အနှံ့အပြားတွင် IS အကြမ်းဖက် အဖွဲ့အစည်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီး ခဲ့ကြောင်း တူရကီ နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ သိရှိရသည်။

သတင်း ဖော်ပြချက်တွင် တူရကီ နိုင်ငံ ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် မြို့တော် အန်ကာရာ ၌ IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၆၀ ဦးကို ဖမ်းဆီး ခဲ့ပြီး ဖမ်းဆီးခံရသူ အများစု မှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ၊ ထို့ပြင် ရဲတပ်ဖွဲ့ က တူရကီ နိုင်ငံ အလယ်ပိုင်း Konya ပြည်နယ် တွင်လည်း IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၃၀ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ၊ အခြား တူရကီ နိုင်ငံ အတွင်းရှိ ပြည်နယ် ၅ ခု မှလည်း IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၁၀ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် တူရကီ နိုင်ငံ စစ်တပ် ဌာနချုပ် ၏ ဖေဖော်ဝါရီ ၅ ရက် က ထုတ်ပြန်ချက်တွင် တူရကီ နိုင်ငံ စစ်ဘက် ဆိုင်ရာ အနေဖြင့် ဖေဖော်ဝါရီ ၄ ရက် မှ ၅ ရက် နံနက်ပိုင်း အထိ ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အကြမ်းဖက် အဖွဲ့အစည်း ၏ အခြေစိုက် စခန်းများ ၊ ညွှန်ကြားရေး ဌာန များ ၊ လက်နက် သိုလှောင်ရုံများ နှင့် ကာကွယ်ရေး အဆောက်အအုံများ စသည့် နေရာ အနှံ့အပြားကို တိုက်ခိုက်ခဲ့ပြီး IS အကြမ်းဖက် အဖွဲ့ဝင် ၃၃ ဦးကို ချေမှုန်း နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် တူရကီ စစ်ဘက်ဆိုင်ရာ နှင့် ဆီးရီးယား အစိုးရ ကို ထောက်ခံသည့် တပ်ဖွဲ့ များ က ဆီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် IS အကြမ်းဖက် အဖွဲ့မှ ထားရှိခဲ့သည့် ပေါက်ကွဲစေသည့် ပစ္စည်း ၃၆၈၀ နှင့် မြေမြှုပ်မိုင်း ၅၅ ခု ကိုရှင်းလင်း နိုင်ခဲ့ကြောင်း လည်းပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.