Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ရှိ စာသင်ကျောင်း တစ်ခု အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရ လူပေါင်း အနည်းဆုံး ၄၈ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ရှိ စာသင်ကျောင်း တစ်ခု အား သြဂုတ်လ ၁၅ ရက် ညနေပိုင်း အချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရရာ အချင်းဖြစ်ပွား သည့် နေ့ ညပိုင်း အချိန်ထိ လူပေါင်း ၄၈ ဦး သေဆုံး ခဲ့ပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ တိုက်ခိုက်မှု ခံခဲ့ရသည့် စာသင်ကျောင်း က အမှတ် ၁၈ ရဲတပ်ဖွဲ့ နယ်မြေတွင် တည်ရှိပြီး သေဆုံးဒဏ်ရာရရှိသူ အများစု မှာ စာသင်ကျောင်း တွင် ပညာသင်နေသည့် ကျောင်းသား များ ဖြစ်ကြကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက် ဒဏ်ရာရရှိသူများအား အနီးပတ်ဝန်းကျင်ရှိ ဆေးရုံ များသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ မှာ လွန်စွာ စိုးရိမ်ရသောကြောင့် သေဆုံးသူစာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

အချင်းဖြစ်စဉ် အား ကြုံတွေ့ခဲ့ရသူ တစ်ဦး က တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် စာသင်ကျောင်း အတွင်း ကျောင်းသား အနည်းဆုံး ၂၀၀ ဦး တည်ရှိနေကြောင်း ၊ ကျောင်းသားများ မှာ အသက် ၁၈ နှစ် အောက် ကလေး များ ဖြစ်ကြကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယခု အကြိမ် တိုက်ခိုက်မှု သည် ဒေသတွင်းရှိ ရှီးအိုက်ဘာသာ ဝင်များ ကို ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်း အကြမ်းဖက် အဖွဲ့အစည်း အနေဖြင့် လတ်တလော နှစ်ပိုင်း အတွင်း ပထမ ဦးဆုံး အကြိမ် စာသင်ကျောင်း အား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။သြဂုတ်လ ၁၅ ရက် အချိန်ထိ မည်သည့် အဖွဲ့အစည်း တစ်ခု ကမှ ဗုံးခွဲ တိုက်ခိုက်မှု ကို ဆောင်ရွက်ကြောင်း ကြေညာခဲ့ခြင်း မရှိဘဲ အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန် အဖွဲ့အစည်း က အချင်းဖြစ်ပွားသည့် နေ့တွင် ယင်းတိုက်ခိုက်မှု နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.