Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ Kano ပြည်နယ်တွင် ကာလဝမ်းရောဂါကြောင့် လူ ၂၈ ဦး သေဆုံး

ကာလ၀မ်းရောဂါကြောင့် ဆေးကုသမှု ခံယူနေသောသူများအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

အာဘူဂျာ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kano ပြည်နယ်တွင် လွန်ခဲ့သော ၇ လ အတွင်း ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူ ၂၈ ဦး ရှိပြီဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောကြား ခဲ့သည်။

လွန်ခဲ့သော ၇ လတာ ကာလတွင် Kano ပြည်နယ်ရှိ ဒေသ ၃၃ ခု အတွင်း ကာလဝမ်းရောဂါဟု သံသယရှိသူ ၄၀၀ ကျော် တွေ့ရှိခဲ့ရာ စစ်ဆေးချက်များအရ အတည်ပြုနိုင်သူ ၅၀ ရှိကြောင်း ယင်းပြည်နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူ Kabiru Getsoက မီဒီယာများကို ပြောကြားခဲ့သည် ။

ဆက်လက်၍ Kabiru Getsoက လက်ရှိအချိန်တွင် ကာလဝမ်းရောဂါဟု အတည်ပြုထားသူ ၅၀ အနက် သေဆုံးသူ အနည်းဆုံး ၂၈ ဦး ရှိပြီဖြစ်ကြောင်း ၊ Kano ပြည်နယ်အစိုးရက ကာလဝမ်းရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့တော် အာဘူဂျာရှိနေရာ တော်တော်များများတွင် ကာလဝမ်းရောဂါ ဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၃ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.