Africa & Middle East
အာဖဂန်နစ္စတန် နိုင်ငံ ၌ ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက် အတွင်း သတင်းမီဒီယာ လုပ်ငန်း တွင် တာဝန်ထမ်းဆောင်သူ ၁၁ ဦး သေဆုံး

ကဘူးလ် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန် နိုင်ငံ သတင်းထောက် လုံခြုံရေး ကော်မတီ မှ ဇူလိုင် ၁၈ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ အာဖဂန်နစ္စတန် နိုင်ငံ ၌ ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက် အတွင်း သတင်းမီဒီယာ လုပ်ငန်း တွင် တာဝန်ထမ်းဆောင်သူ ၁၁ ဦး သေဆုံး ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက်အရ ပထမ နှစ်ဝက် အတွင်း သေဆုံးခဲ့သူ ၁၁ ဦး အားလုံးမှာ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ၊ သေဆုံးခဲ့သူများ အနက် ၉ ဦး မှာ ယခုနှစ် ဧပြီလ တွင် ကဘူးလ် ၌ ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တွင် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ကျန် ၂ ဦး မှာ Kandahar ပြည်နယ် နှင့် Khost ပြည်နယ် တို့တွင် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ယခု နှစ် ပထမ နှစ်ဝက် အတွင်း သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်သူ ကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုပေါင်း ၈၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး ယခင် နှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုများအနက် ၃၇ ကြိမ် မှာ IS နှင့် အာဖဂန်နစ္စတန် တာလီဘန် အစွန်းရောက် အဖွဲ့အစည်း တို့မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ သတင်းထောက် လုံခြုံရေး ကော်မတီ ၏ စာရင်း ပြုစုချက်အရ ၂၀၁၇ ခုနှစ် အတွင်း သတင်းမီဒီယာ လုပ်ငန်း တွင် တာဝန်ထမ်းဆောင်သူ အနည်းဆုံး ၂၀ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)