Africa & Middle East
အာဖဂန်နစ္စတန် အရှေ့ပိုင်း လမ်းဘေး ဗုံးပေါက်ကွဲမှုကြောင့် ခရိုင် ရဲချုပ် နှင့် ကိုယ်ရံတော် နှစ်ဦး သေဆုံး

ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ် Jaghato ခရိုင်တွင် စက်တင်ဘာလ ၁၄ ရက်က မြေမြှုပ်မိုင်း တစ်ခုအပေါ် မော်တော်ယာဉ် တစ်စီး ဖြတ်သွားသဖြင့် ပေါက်ကွဲခဲ့ရာ ခရိုင် ရဲချုပ် တစ်ဦးနှင့် ၎င်း၏ ကိုယ်ရံတော် နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ယနေ့ နံနက် ဒေသစံတော်ချိန် ၈း၀၀ နာရီဝန်းကျင်မှာ Jaghato ခရိုင် ရဲချုပ် Ishaq Jalili ရဲ့ ယာဉ်က စစ်သွေးကြွတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း တစ်ခု တက်နင်းမိတာ ဖြစ်ပြီး ရဲချုပ်နဲ့အတူ သူ့ရဲ့ ကိုယ်ရံတော် နှစ်ဦးပါ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်” ဟု အမည်မဖော်လိုသူ ဒေသဆိုင်ရာ အရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
တစ်ချိန်တည်းမှာပင် ဂါ့ဇ်နီပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Aref Nuri က အဆိုပါ မတော်တဆမှုအား အတည်ပြု ပြောကြားလိုက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြီးမြောက်ပါက အသေးစိတ်အကြောင်းအရာများကို အများပြည်သူသို့ ပြောပြမည်ဟု ဆိုသည်။ (Xinhua)