Connect with us

Africa & Middle East

တူရကီစစ်တပ်က စစ်ဆီးရီးယားနယ်စပ်တွင် တင်ကားများအပါအဝင် စစ်သုံးယာဉ် အစီး၈၀ ဖြန့်ကြက်ထား

တူရကီနိုင်ငံမှ သံချပ်ကာတင့်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း ဟာတေးပြည်နယ် အနီးရှိ ဆီးရီးယား-တူရကီနယ်စပ် သို့ စစ်သုံးယာဉ် စုစုပေါင်း အစီး ၈၀ ကို တူရကီဘက်က ဖြန့်ကြက်စေလွှတ်ခဲ့ကြောင်း Sabah နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

တင့်ကားများ အပါအဝင် စစ်သုံးယာဉ်အများအပြားသည် နိုင်ငံအနောက်မြောက်ဘက် Kirklareli ပြည်နယ် ရှိ Luleburgaz ခရိုင်မှ ထွက်ခွာလာကြပြီး ရထားသံလမ်းမှတစ်ဆင့် ဟာတေးပြည်နယ် အစ်ကန်ဒီရန်ခရိုင်သို့ ရောက်ရှိမည်ဖြစ်သည်။စစ်သားများသည် စစ်လက်နက်ကိရိယာများကို ရထားပေါ်မှ ထရပ်ကားများပေါ်သို့ ပြောင်းရွှေ့ပြီးနောက် နယ်စပ် တွင် လုံခြုံရေးတင်းတင်းကျပ်ကျပ်ဆောင်ရွက်ရန် ယင်းလက်နက်များအား နယ်စပ်ဧရိယာသို့ ဦးတည်ချိန်ရွယ်ထားကြောင်း သိရသည်။ယခုကဲ့သို့ ဖြန့်ကြက်ခြင်းသည် ယခင်ရှိပြီးသား စစ်အင်အားအတွက် အင်အားသစ်ဖြည့်တင်းခြင်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

တူရကီစစ်တပ်က စက်တင်ဘာ ၁၆ ရက် နှောင်းပိုင်းတွင် ပထမဆုံး ထောက်ပံ့ရေးထရပ်ကားများနှင့် စစ်သုံးယာဉ်များအပါအဝင် လက်နက်ကြီးများ ကို အလားတူဒေသသို့ ပို့လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။တတိယမြောက် သံချပ်ကာကားယာဉ်တန်းသည် ဟာတေးပြည်နယ် Reyhanli ခရိုင်သို့ ဦးတည်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။ (Xinhua)