Connect with us

Africa & Middle East

အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်သမား ဟု သံသယရှိ သူ ၁၀ ဦး အား ဖမ်းဆီး

အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များအား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံပိုင် ရုပ်သံဌာန က စက်တင်ဘာ ၁၃ ရက်နေ့၌ အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် လတ်တလော ရက်ပိုင်းတွင် အကြမ်းဖက်သမား ဟု သံသယရှိ သူ ၁၀ ဦး ကို ဖမ်းဆီး ခဲ့ပြီး ထိုအတွင်းမှ တစ်ဦးမှာ IS အစွန်းရောက် အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသူ ဖြစ်နိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

အီရန် နိုင်ငံ ပိုင် ရုပ်သံဌာန က IS အစွန်းရောက် အဖွဲ့အစည်း နှင့် အဆက်အသွယ် ရှိကြောင်း သံသယ ရှိသူ ကို မြို့တော် တီဟီရန် နှင့် ၂၀ ကီလိုမီတာ ကွာဝေးသည့် မြို့တွင် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး IS အစွန်းရောက် အဖွဲကအစည်း ကို သစ္စာခံသူ တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်တွင် စစ်ဘက်ဆိုင်ရာ အနေဖြင့် သတင်းအချက်အလက်များ အရ အစွန်းရောက် အဖွဲ့အစည်း အနေဖြင့် တီဟီရန် မြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၃၀၀ ကို ဆောင်ရွက်ရန် ကြံစည် နေသည် ကို သိရှိခဲ့ရကြောင်း ပါဝင် ခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက်နေ့၌ အီရန် နိုင်ငံ လွှတ်တော် အဆောက်အဦ နှင့် ကွယ်လွန်ပြီး အီရန် နိုင်ငံ ခေါင်းဆောင် Ruhollah ၏ ဂူဗိမာန် တို့တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း ၁၇ ဦး သေဆုံး ခဲ့ရပြီး ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည်။ အခင်းဖြစ်ပွား ပြီးနောက်တွင် IS အစွန်းရောက် အဖွဲ့အစည်း က တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့၌ အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့၏ တပ်စခန်း များကို ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.