Africa & Middle East
အာဖဂန်နိုင်ငံ မြို့တော်တွင် အကျဉ်းထောင်ပြင်ပတွင် အသေခံဗုံးပေါက်ကွဲ၍ လူ ၇ ဦးသေဆုံး
ကဘူးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အဓိက အကျဉ်းထောင်တစ်ခုပြင်ပတွင် အစိုးရဝန်ထမ်းများ၏ ကားတစ်စီးတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ကနဦး အချက်အလက်အရ အဲဒီကားက Pul-e-Charkhi အကျဉ်းထောင် အဓိကဝင်ပေါက်ကို အဲဒီကားရောက်ပြီးနောက် အကြမ်းဖျင်းအားဖြင့် ဒေသစံတော်ချိန် နံနက် ရး၂၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ” ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ခံရသူအများစုမှာ မော်တော်ယာဉ်ဖြင့် လိုက်ပါသွားသော အကျဉ်းထောင် အမျိုးသမီးဝန်ထမ်းများဖြစ်ပြီး အနည်းဆုံး ကလေးငယ် သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများအား လူနာတင်ကားများနှင့် ရဲကားများဖြင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ထားကြောင်း၊ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။ (Xinhua)