Connect with us

Africa & Middle East

အစ္စရေးတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံး

အစ္စရေးတွင် ယခင်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

ဂျေရုဆလင် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ အမှတ် ၉၀ လမ်းမကြီးတွင် အောက်တိုဘာ ၃၀ ရက်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

လူ ၈ ဦးလိုက်ပါစီးနင်းလာသော မော်တော်ယာဉ်တစ်စီးသည် အခြားယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးစလုံးသေဆုံးခဲ့သည်။ တခြား ယာဉ်ပေါ်ရှိ လူ ၃ ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရ ကြောင်း ၊ အချင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ ၈ ဦးမှာ မိသားစုဝင်များဖြစ်ပြီး မိဘ ၂ ဦးနှင့် ကလေးငယ် ၆ ဦးပါဝင်ကြောင်း အစ္စရေး မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

လွန်ခဲ့သော ၁၀ နှစ်တာ ကာလအတွင်း အမှတ် ၉၀ လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ မှု စုစုပေါင်း ၁၃၅၀ ခန့် ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၂၀ ဦး ၊ ဒဏ်ရာရသူ ၄၀၀၀ ကျော် ခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.