Connect with us

Africa & Middle East

ဆီးရီးယားဒုက္ခသည် ၁၁၃ဦးကို လက်ဘနွန် ဖမ်းဆီး

လက်ဘနွန်နိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် ဆီးရီးယားဒုက္ခသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယားဒုက္ခသည် ၁၁၃ဦး ကို Marjeyoun ပြည်နယ် Adayse မြို့ ၌ အောက်တိုဘာ ၃၁ ရက်တွင် လက်ဘနွန်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။

National News Agency ၏ ဖော်ပြချက်အရ အချို့သော ဒုက္ခသည်များသည် တရားဝင်စာရွက်စာတမ်းများမရှိခြင်း (သို့) သတ်မှတ်ရက်ကျော်လွန်နေသော စာရွက်စာတမ်းများဖြင့် လက်ဘနွန်နိုင်ငံအတွင်းနေထိုင်ကြကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၉၇၆,၀၀၀ ဦးကို လက်ခံထားကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန်ထားသော်လည်း နိုင်ငံအတွင်းရှိ ဆီးရီးယားဒုက္ခသည် အရေအတွက်အမှန်သည် ၁.၅သန်းဖြစ်မည်ဟု လက်ဘနွန်အစိုးရက ခန့်မှန်းထားသည်။

လက်ဘနွန်အစိုးရသည် ဆီးရီးယားဒုက္ခသည်များအား ၎င်းတို့၏ နေရပ်ဖြစ်သော ဆီးရီးယားနိုင်ငံသို့ ပြန်ခွင့်ပြုရန် သြဂုတ်လက ဆုံးဖြတ်ချက်ချခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် တရားမဝင် နေထိုင်သော ဆီးရီးယားနိုင်ငံသားများအနေဖြင့် ဒဏ်ကြေးပေးဆောင်ပြီး နေရပ်သို့ ပြန်နိုင်ကြောင်း နှင့် အနာဂတ်တွင် ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဒဏ်ကြေးပေးဆောင်ရန်ငြင်းဆန်ပါက လက်ဘနွန်နိုင်ငံသို့ တစ်သက်တာ ဝင်ရောက်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.