Africa & Middle East
အီဂျစ် နိုင်ငံ တွင် ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄၉ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိ
ကိုင်ရို ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
အီဂျစ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က သြဂုတ် ၁၁ ရက်နေ့၌ အီဂျစ် နိုင်ငံ မြောက်ပိုင်း Alexandria ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ရထား နှစ်စင်း တိုက်မှု ကြောင့် လက်ရှိချိန်တွင် လူပေါင်း ၄၉ ဦး သေဆုံး ခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ထုတ်ပြန်ချက်တွင် ရထား နှစ်စင်း သည် Alexandria ပြည်နယ် အရှေ့ပိုင်း ဒေသတွင် တိုက်မှု ဖြစ်ပွားခဲ့ကြပြီး ရထား တစ်စင်းမှာ ကိုင်ရို မှ ထွက်ခွာလာသော ရထား ဖြစ်ကာ ကျန်တစ်စင်း မှာ Said ဆိပ်ကမ်း မှ ထွက်ခွာလာသည့် ရထား ဖြစ်ကြောင်း သိရှိရသည်။
အီဂျစ် နိုင်ငံ တွင် သြဂုတ်လ ၁၁ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ရထား တိုက်မှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ထုတ်ပြန်ချက်တွင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် လူနာတင်ကားပေါင်း ၇၅ စင်း ကို အခင်းဖြစ်ပွားရာ နေရာ သို့ စေလွှတ်ခဲ့ကြောင်း ၊ Alexandria ပြည်နယ် အနီး ပြည်နယ်များရှိ ဆေးရုံ များသည် အရေးပေါ် အခြေအနေ သတ်မှတ်ခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူ အလွန်များသဖြင့် သေဆုံးသူ စာရင်းမှာ ပိုမို မြင့်တက်လာနိုင်ကြောင်း ပါဝင် ခဲ့သည်။
Alexandria ပြည်နယ် ပြည်နယ်မှူး က ကနဦး စစ်ဆေးမှု များအရ အခင်းဖြစ်ပွား ရသည့် အကြောင်းအရင်း မှာ ရထား တစ်စင်း၏ ရထားမောင်းသူ မှာ အချက်ပြမီးများကို မတွေ့ရှိသောကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၂၀၁၃ ခုနှစ် တွင် အီဂျစ် နိုင်ငံ Giza ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရထား လမ်းချော်မှု တွင် လူပေါင်း ၁၉ ဦး သေဆုံး ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အီဂျစ် နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ရထား နှင့် ကျောင်းကား တိုက်မှု တွင်လည်း လူပေါင်း ၅၁ ဦး သေဆုံးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)