Connect with us

Africa & Middle East

ဂျော်ဒန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆီးရီးယားမြို့တစ်မြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်စ် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နှင့် ဂျော်ဒန် နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့တစ်မြို့အနီးတွင် သြဂုတ်လ ၁၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဆီးရီးယားသူပုန် တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးသွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

သေဆုံးသွားသူများမှာ Jaish al အစ္စလာမ်စစ်သွေးကြွအုပ်စုဝင်များ ဖြစ်ကြောင်း နှင့် ဂျော်ဒန်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော Nasib မြို့အနီးရှိ ပစ်မှတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်စဉ်အတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

Nasib မြို့သည် တောင်ပိုင်း Daraa ပြည်နယ်အတွင်း၌ တည်ရှိသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း အိုင်အက်စ်(IS) အစွန်းရောက်အဖွဲ့သည် ယင်းနေရာ အနီးတစ်ဝိုက်တွင် အလားတူ ဗုံးခွဲတိုက်ခိုက်မှုများကို ယခင်က ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ဗုံးပေါက်ကွဲမှုဖြစ်ပွားသော နေရာသည် ဂျော်ဒန်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် ၃ဝ ကီလိုမီတာအကွာခန့်တွင် တည်ရှိကြောင်း ဆီးရီးယားစစ်တပ်က ဆိုသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117