Connect with us

Africa & Middle East

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၁ ဦး ကို ပစ်ခတ်ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်သားများ တိုက်ပွဲဝင် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က သြဂုတ်လ ၉ ရက်နေ့၌ Anbar ပြည်နယ် အနောက်ပိုင်းတွင် အချိန် ၂ ရက် သတ်မှတ်ထားသည့် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်စဉ် အတွင်း IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၁ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အီရတ် ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေး ဌာန က သြဂုလ်လ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစိုးရ တပ်ဖွဲ့ နှင့် ဆွန်နီ လူမျိုး လက်နက်ကိုင် တပ်ဖွဲ့ တို့သည် တည်နေရာ နှစ်ခု မှ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ နှစ်ရက်ကြာ စစ်ရေးလှုပ်ရှားမှု အတွင်း အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အဖွဲ့ဝင် ၁၁ ဦး ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်စက်ရုံ တစ်ခု ကို ဖျက်ဆီး နိုင်ခဲ့ကာ ဗုံးပေါင်း ၂၂ ခု ကို ဖယ်ရှား နိုင်ခဲ့ကြောင်း ၊ ထို့ပြင် အစိုးရ တပ်ဖွဲ့ က IS အဖွဲ့ဝင် ၂ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ယခု အကြိမ် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့သည့် Anbar ပြည်နယ် အနောက်ပိုင်း ဒေသ သည် အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ဒေသဖြစ်ပြီး လက်ရှိချိန်တွင် IS အဖွဲ့၏ ထိန်းချုပ်မှု အောက်တွင် ရှိနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.