Africa & Middle East
အီရတ်နိုင်ငံ ကာကွက်မြို့တွင် ပေါက်ကွဲမှု ၆ ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံး၊ ၂၀ ဦး ဒဏ်ရာရ
ဘဂ္ဂဒက်၊ မေ၃၁ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် မေလ ၃၀ ရက်က ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားလူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုများသည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် မြောက်ဘက် ၂၅၀ ကီလိုမီတာခန့်အကွာ ကာကွတ်မြို့၏ အဓိကလမ်းကြီး သုံးခု၏ လမ်းနံဘေးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပူးတွဲစစ်ဆင်ရေး ညွှန်ကြားမှုဆိုင်ရာ ပြန်ကြားရေးရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။
နောက်ဆုံး ရဲတပ်ဖွဲ့အစီရင်ခံစာများအရ ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့ကြောင်း၊ သေဆုံးသူများအနက် ရဲတပ်ဖွဲ့တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများတွင်လည်း အခြားရဲတပ်ဖွဲ့ဝင် ၄ ဦးပါဝင်ကြောင်း ကာကွက်ပြည်နယ် ရဲတပ်ဖွဲ့မှ အမ်မာ အယ်လ်-ဂျူဘိုရီ (Ammar al- Jubouri) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် နေရာသို့သွားရာ လမ်းများအားလုံးကို လုံခြုံရေးစည်းများတားထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် လမ်းများပေါ်တွင် ဗုံးထောင်ခဲ့နေသည်ဟုထင်ရသော ကားနှစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကာကွက်မြို့သည် ဗဟိုအစိုးရနှင့် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲအကြား အငြင်းပွားရာ နယ်မြေတစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် နှစ်ပေါင်းများစွာ တင်းမာမှုများ ရှိနေခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုများနှင့်ပတ်သက်၍မူ မည်သည့်အဖွဲ့ကမျှ ပြောကြားထားခြင်း မရှိသေးသော်လည်း အိုင်အက်စ်များက အီရတ်နိုင်ငံတစ်ဝန်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဈေးများ၊ ကော်ဖီဆိုင်များနှင့် ဗလီများ အပါအဝင် လူအများစုဝေးရာနေရာများအား ပစ်မှတ်ထားကာ တိုက်ခိုက်မှုအများဆုံးလုပ်ဆောင်ခဲ့ကြသည်။ (Xinhua)